48

7.5K 307 10
                                    

💛 Players ( Part - 48 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Baeတစ်ယောက်တည်း အိမ်မှာကျန်နေခဲ့၍ စိတ်မချတာကြောင့် ကားကိုအမြန်မောင်းလာခဲ့ကာ အခန်းရှေ့ရောက်သည်နှင့် တွေ့လိုက်ရတာက အစ်ကို့ရဲ့လက်ရုံး ကိုနန္ဒဖြစ်သည်။
ကိုနန္ဒက သူ့ကိုခေါင်းညိတ်ပြရပြီးနှုတ်ဆက်တာမို့ အိမ်ထဲမှာအစ်ကိုရောက်နေမှန်းသိလိုက်ကာ အခန်းထဲဝင်လာခဲ့သည်။

ဒီနေ့တော့အစ်ကိုက ထူးခြားစွာဖြင့်ရှပ်အင်္ကျီအဖြူရောင်ကို ဘောင်းဘီအနက်နှင့်တွဲဝတ်ထားကာ သူ ဝင်လာသည်ကို မကျေမနပ်စိုက်ကြည့်နေ၏။
မီးထွက်မတတ်စူးရဲနေသော ထိုအကြည့်တွေသည် တစ်ခုခုတော့မှားယွင်းနေခဲ့ပြီမို့ သက်ပြင်းတစ်ချက်ခိုးချကာ အစ်ကို့ရှေ့မှာ မတ်မတ်ရပ်လိုက်သည်။
ဆိုဖာပေါ်မှာတော့ ခြေချင်းချိတ်ထိုင်နေရင်း နှုတ်ခမ်းစူနေသော Dinnerဝတ်စုံကိုတောင်မလဲရသေးသည့် သူမ...

"မင်း ဘယ်သွားနေလို့ အက္ခရာကို တစ်ယောက်တည်းထားခဲ့တာလဲ"

"အလုပ်ကိစ္စပါ အရေးကြီးတာလေး သွားလုပ်နေလို့"

"အဲ့ဒီကိစ္စမေးမလို့လာတာပဲ ထိုင်"

အစ်ကိုက ရှေ့ကဆိုဖာကိုမေးဆတ်ပြတော့မှ သူဝင်ထိုင်လိုက်ကာ စာချုပ်ကိုခေါက်ပြီး စားပွဲပေါ်လှမ်းတင်လိုက်သည်။
Baeကိုပြန်ကြည့်မိတော့ သူမက အားကိုးရာရထားသည့်ကလေးတစ်ယောက်လို သူ့ကိုမကျေမနပ်ဖြင့်မဲ့ရွဲ့ကာ နှာခေါင်းရှုံ့ပြပြန်သည်။
ကြည့်ရတာ သူမကိုတစ်ယောက်တည်းထားခဲ့ကြောင်း အစ်ကို့ကို တိုင်တန်းထားသည်ထင်၏။

"ဘယ်လောက်အရေးကြီးနေနေ ကိုယ့်မိန်းမကို တစ်ယောက်တည်းထားခဲ့စရာလား ဒီနေရာမှာ ငါသာမဟုတ်ဘဲ တခြားတစ်ကောင်ဖြစ်နေရင် မင်းမိန်းမ အဲ့လိုနှုတ်ခမ်းစူပြီး ထိုင်နေနိုင်ပါဦးမလား"

"ကျွန်တော်မှားပါတယ် ခဏပဲဆိုပြီးထွက်သွားမိတာပါ အချိန်လည်း နည်းနည်းကြာသွားတယ် အစ်ကိုရောက်လာမယ်မှန်း မသိလိုက်ဘူး"

"အခုအလုပ်က ဘာကိစ္စ"

"2%ပါ"

"ရခဲ့ပြီပေါ့ Omm.. မင်းကိုငါယုံတာမှန်သားပဲ အက္ခရာ အစ်ကိုတို့အလုပ်ကိစ္စလေးပြောချင်လို့"

PlayersWhere stories live. Discover now