49

19.2K 656 20
                                    

💛 Players ( Part - 49 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကြီး ဒီကားလေးမိုက်တယ်မလား"

"KIA Rio 2020 မဆိုးပါဘူး မိုက်ပါတယ်"

သူပြောလိုက်မှ ခရာက ပြုံးစိစိဖြင့်ကားသော့လေးကို ထောင်ပြတာမို့ Bae သူ့ဘာသာဝယ်ထားတာလားဆိုသည့်အတွေးက ချက်ချင်းဝင်လာသည်။
ကားအကြောင်း နည်းနည်းလေးတောင်မသိသည့် မိန်းကလေးမို့ သူ စိုးရိမ်မိခြင်းဖြစ်ပေမယ့် သူမလေးက ကြွားဝါချင်နေသောမျက်နှာလေးကို မော့ချီကာ…

"မနေ့ညက ကိုကြီးအစ်ကိုယူလာပေးတာ"

"Aww မင်းအတွက်ပေါ့ ကံကောင်းလိုက်တာ ဒေါ်ပန်းထက်အက္ခရာတို့ကတော့"

အစ်ကိုက Baeကိုတော့ တကယ်ချစ်ပုံရပြီး ညကလည်း တစ်ယောက်တည်းပစ်ထားခဲ့မိ၍ အဆူခံလိုက်ရသေးသည်မလား။
အစ်ကိုလိုလူကတောင် သူမကို ခုလောက်ထိအလိုလိုက်နေမှတော့ ဒီမိန်းကလေးက သူ့အပေါ် ပိုအနိုင်ယူဦးမှာ သေချာသည်။

ကားအသစ်လေးရထားသော Baeက ဒီကားကိုမောင်းချင်နေဟန်ရှိကာ သူ့ကိုကြည့်လိုက်၊ ကားကိုကြည့်လိုက်မို့ ဟန်ဆောင်မှုကင်းသော ပွင့်လင်းသည့်စရိုက်လေးက ပိုပိုပြီးသိသာလာ၏။
ထို့ကြောင့် Driverနေရာကိုမေးဆတ်ပြလိုက်ပြီး…

"မောင်းချင်မောင်းလေ Bae အဲ့ဒါနဲ့ပဲသွားရအောင်"

"ကိုကြီးမမောင်းဘူးလား"

"မင်းမောင်းချင်နေတာမလား သွားပါ အပြန်ကျမှ ကိုယ်မောင်းပါ့မယ်"

ထိုအခါ Baeက လှစ်ခနဲကားပေါ်ရောက်သွားကာ ကားကိုစက်နှိုးပြီး ဟိုဟာလေးထိကြည့်၊ ဒီဟာလေးတို့ကြည့်ဖြင့် ပျော်နေလေသည်။
ဒီနေ့က ဦးမင်းထက်နှင့်ဒေါ်နှင်းပန်းတို့ Singaporeပြန်မှာဖြစ်သလို အဖေတို့ကလည်း လားရှိုးကိုပြန်မှာဖြစ်သည်။
မပြန်ခင်တွေ့ချင်သေးတာမို့ သူမက မနက်စောစောကတည်းက ရေချိုးပြင်ဆင်ပြီး ဂျီကျနေတာမို့ မနက်စာတောင်မစားရသေးဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။

"Bae အဲ့လောက်မမြန်နဲ့လေ အရှိန်လျှော့.. မြို့ထဲရောက်နေတာနော်"

"မမြန်ပါဘူး ပုံမှန်ပါပဲ"

Baeက ကားမောင်းနည်းနည်းကြမ်းပြီး အကွေ့အဝိုက်တွေမှာဆိုလည်း မညင်သာတတ်ဘဲ ဟွန်းမတီးဘဲကျော်တက်သွားသည့်ကားတွေဆို ပွစိပွစိဖြင့် ကျိန်ဆဲတတ်သေးသည်။
သူ့မှာတော့ အဖမ်းခံရမလား၊ တိုက်များတိုက်မိမလားဟု ရင်တမမဖြစ်နေပေမယ့် Baeကတော့ သီချင်းလေးညည်းရင်း အေးအေးလူလူပင်။
အားကိုးစရာအဖေကလည်း အကောင်ကြီးကြီး၊ ကိုယ်တိုင်ကလည်း ရှေ့နေဆိုတော့ ဒါတွေဘယ်ကြောက်လိမ့်မလဲ...

PlayersWhere stories live. Discover now