36

4.3K 311 28
                                    

💛 Players ( Part - 36 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ဘာပြောဦးမလဲ"

စိတ်ရှိလက်ရှိပေါက်ကွဲပစ်ချင်၍ သူ့ကွန်ဒိုအထိ ခရာ့ကိုမရမကဆွဲခေါ်လာခဲ့ပြီး အခန်းထဲရောက်ကတည်းက ထိုင်ငိုနေသော သူမကို နောက်ထပ်ဘာပြောရမှန်းမသိ။
ငိုနေပုံကလည်း တခြားမိန်းကလေးတွေလို မျက်ရည်ကျရုံလေးမဟုတ်ဘဲ အသံကျယ်ကျယ်ဖြင့် တအီးအီးငိုချနေ၍ သူမရဲ့ငိုသံကြောင့် တစ်ခန်းလုံးဆူညံနေ၏။
အရွဲ့တိုက်ပြီးထိုင်ကြည့်ချင်ပေမယ့် ကလေးပိစိလေးလိုငိုနေပြန်တော့လည်း စိတ်မကောင်းသလို ထိုမျက်ရည်တွေကြောင့် ပိုပြီးစိတ်တိုလာမိတော့သည်။

"ခရာ မော့စမ်း"

"ကိုကြီးဘာလို့ဇွတ်တွေလုပ်နေတာလဲလို့"

"မင်း ငါ့ကိုစိန်ခေါ်သွားတာလေ အလုပ်ထဲမှာတွေ့ဖို့ပြောထားပါလျက်နဲ့ အလုပ်ကနေပါထွက်ပြေးသွားတာ.. ဘာလဲ မင်းကိုငါမဖမ်းနိုင်ဘူးလို့ မင်းထင်နေတာလား
Bae ငါ့ကိုကြည့်စမ်း မင်းကိုဘာလုပ်နေလို့ အဲ့လိုထိုင်ငိုနေတာလဲ"

ထိုအခါမှ သူမမျက်နှာလေးမော့လာပြီး ပါးပေါ်ကမျက်ရည်တွေကို ပြောင်သွားပြီးရောဆိုသည့်ပုံမျိုးဖြင့် ဖြစ်သလိုပွတ်ဆွဲသုတ်ပစ်လိုက်သည်။
ဘယ်လောက်ကလေးဆန်လိုက်တဲ့ အပြုအမူလေးလဲ..

"ဘာဖြစ်လို့လဲ ခရာ ကိုကြီးကိုသေချာချဥ်းကပ်ခဲ့တာသိပြီမဟုတ်ဘူးလား အဲ့ဒါကိုဘာလို့.."

"အဲ့တော့ ဘာဖြစ်လဲ"

"ခရာ့ကိုစိတ်မဆိုးဘူးလား"

"ဆိုးတယ် မင်းကိုငါ သဝာ်ပါသတ်ပစ်ချင်နေတာ မင်းမျက်လုံးမှာ ငါက လိမ်ချင်တိုင်း လိမ်လို့ရတဲ့ကောင်လား.. မင်းလုပ်နေသမျှ ငါဘာမှမသိဘူးထင်နေတာလား
မင်းငါနဲ့တစ်ချိန်လုံးရှိနေတာတောင် ငါ အဲ့လောက်ထိတုံးအ,တဲ့ငပေါကြီးလို့ထင်နေတာလား"

ငြိမ်ခံနေခဲ့သမျှကို ဒေါသအိုးပေါက်ကွဲနေမိ၍ သူမကိုညှာတာရကောင်းမှန်းလည်းမသိဘဲ ထင်သလိုဆွဲလွဲမိတိုင်း ခရာမျက်နှာလေးမဲ့၏။
ကော်ဖီဆိုင်မှာ ဆုပ်ကိုင်ခဲ့သည့် လက်မောင်းလေးတွေမှာလည်း အခုနီရဲနေပြီမို့ စိတ်မကောင်းတော့ဖြစ်မိပေမယ့် နောက်ထပ်မညှာနိုင်။
နာကျင်ခဲ့ရတုန်းက သူတစ်ယောက်တည်း...

PlayersWhere stories live. Discover now