Chapter 131(Unicode&Zawgyi)

345 31 0
                                    


ဖုန်းကို ယူရန် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မုချင်းယီသည် အဆင့်များကို ချဲ့ကြည့်ရန် ပုံပေါ်တွင် တို့လိုက်သည်။

ပုံမှန်အတန်းက အများဆုံး 750 မှတ်ရရှိလေသည်။
ပထမ: ရွှီရှင်းတော[နိုင်ငံတကာ တန်းခွဲ4-734 မှတ်]

ဒုတိယ: မုချင်းယီ [ဒုတိယနှစ်ဒုံးပျံအခန်း-728 မှတ်]
တတိယ-ရှောက်ချင်းဟယ် [ ဒုတိယနှစ်ဒုံးပျံအခန်း-716 မှတ်]
အဆင့် 17: မုချင်းယောင် [ဒုတိယနှစ်ဒုံးပျံအခန်း-684မှတ်]

အဆင့်35: လော့ရွှီ [ဒုတိယနှစ်ဒုံးပျံအခန်း-635မှတ်]
အဆင့် 47: လီရှင်းနင်  [ဒုတိယနှစ်ဒုံးပျံအခန်း-591မှတ်]

သူ၏စားပွဲပေါ်တွင် ငြိမ်ငြိမ်လေး ဆက်လှဲနေရင်း
ရှောက်ချင်းဟယ်က နူးညံ့သည့် အသံလေးဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ငါတို့ရဲ့ ညီမလေးတောတောက လူတွေကို ဘယ်လို အံ့အားသင့်အောင်လုပ်ရမလဲဆိုတာ သိတဲ့ပုံပဲ"
မုချင်းယီ:"...."

ရှောက်ချင်းဟယ်က မုချင်းယီ၏ပုခုံးကို ပုတ်လိုက်ပြီး"ညီမလေးတောတောက အထားအသိုနဲ့ သေသပ်မှုမှာ မင်းထက် ပိုသာသွားတာလို့ ငါတော့ထင်တယ်။ သူမရဲ့စကားလုံးတွေက အတော်လေး လှလှပပနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့အတွက် ငါတို့ရဲ့ ဘာသာစကားဆရာမက အတော်လေး ကြိုက်လို့လို့ ထင်တယ်။ မင်းရဲ့စကားလုံးတွေကလည်း မဆိုးပါဘူး ဒါပေမဲ့ မင်းရဲ့စကားလုံးဆက်တာက အရမ်းများလွန်းတယ်။ မင်းက ဆေးဖက်ဆိုင်ရာ ကျောင်းသားလုပ်ဖို့ သင့်တော်တယ်"

မုချင်းယီသည် ရလဒ်ကြော်ငြာချက်ကို တစ်ချက်ကြည့်လိုက်ပြီး အတန်း၏ အခြားတစ်ဖက်တွင် အငြင်းပွားသံက ရုတ်တရက်
ထွက်ပေါ်လာ၏။

စာရွက်ပေါ်ရှိမေးခွန်းက အတော်လေးခက်ခဲသည့်အတွက် ဒုံးပျံအတန်းတောင် မေးခွန်းများကြောင့် ကြံမိကြံရာလုပ်မိသည်အထိ ဖြစ်သွားကြလေသည်။မူလက သူတို့ဟာ မေးခွန်းများကို ကောင်းကောင်းမွန်မွန် မဖြေနိုင်ခဲ့ဘူးဟု ခံစားရသည့်အတွက် အခြားအတန်းများက
သူတို့ထက်ပိုပြီးတောင် ဆိုးရွာလိမ့်မည်ဟု စောင်းပါးရိပ်ခြည်ပြောဆိုခဲ့ကြသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now