Chapter 24(Unicode&Zawgyi)

1.3K 109 1
                                    


ကားနှင့်မဝေးသည့်အတွက် မုချင်းယောင်တစ်ယောက် ဤမြင်ကွင်းကို မြင်လိုက်သည်။ ရွှီရှင်းတောနှင့် ကျန်းလုံထောင်းတို့ ကျောင်းထဲမှ အတူတူ ထွက်လာကြသည့်အတွက် မုချင်းယောင်နှင့် ရှန်းကျုဟန်တို့သည် သူတို့နှစ်ဦးသားကို စောင့်ကြည့်နေခဲ့ကြသည်။

သူမဟာ ရှန်းကျုဟန်ထံသို့ အပြုံးလေးဖြင့် ပြောလိုက်သည်။ "အဲဒီမွေးစားသမီးက တကယ် တမ်းတမ်းစွဲ ဖြစ်နေတာပဲ"

"အရင်က သူမက ဟန်ဆောင်နေတာပဲ။ သူမက လိုက်ရခက်တယ်ဆိုတာ ကျန်းလုံထောင်း ထင်အောင် လုပ်နေတာပဲ"

မုချင်းယောင်သည် စိုးရိမ်သည့် ပုံပန်းသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "ကျန်းလုံထောင်းက သေချာပေါက် သူမကို ရက်ရက်စက်စက် စနောက်လိမ့်မယ်ထင်တယ်.....ကျန်းလုံထောင်းကို အရမ်းအလွန်အကျွံမလုပ်ဖို့ သတိပေးရမလား?"

"မင်းက အရမ်း ကြင်နာတဲ့အတွက် နစ်နာမှုတွေအများကြီး ခံစားရလိမ့်မယ်။ တကယ်တမ်းတော့ လုံးဝ မလိုအပ်ပါဘူး။ ပြီးတော့ ဒါက အဲဒီမွေးစားသမီးရဲ့ ဆုံးဖြတ်ချက်လေ။ အိမ်ပြန်ကြရအောင်"

"ကောင်းပါပြီ" မုချင်းယောင်တစ်ယောက် ကားပေါ်တွင် ထိုင်ပြီးနောက် ယခင်ကလို တူညီသည့် ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။ သူမဟာ ကျန်းလုံထောင်၏ ကားထဲသို့ ဝင်သွားသည့် ရွှီရှင်းတော၏ ဗီဒီယိုကိုတောင် သူမ၏လက်ကိုင်ဖုန်းထဲတွင် မှတ်တမ်းတင်ထား၏။

♠♠♠

သူတို့ အိမ်အပြန်လမ်းတွင် ထုန်းယန်တစ်ယောက် ပန်းခြံငယ်လေးတစ်ခုကို မြင်ကာ ရုတ်တရက် ပြောလိုက်သည်။ "ကားရပ်လိုက်"

ဒရိုင်ဘာသည် လမ်းဘေးတွင် ကားကို ဖြည်းညင်းစွာ ရပ်လိုက်ပြီး ကျန်းလုံထောင်းက မေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ?"

"ကျွန်မလမ်းလျှောက်ချင်လို့ ရှင် အရင်ပြန်လို့ရတယ်" စကားပြောလို့ ဆုံးသွားပြီးနောက် ထုန်းယန်သည် ကားထဲမှထွက်ပြီး တုန့်ဆိုင်းမှုမရှိဘဲ ပန်းခြံထဲသို့ ဝင်သွား၏။

သူသည် နောက်ပြန်လှည့်မကြည့်သော်လည်း တံခါးပိတ်သည့်အသံကို ကြားလိုက်ရသည်။ သေချာသွားပြီ။ ကျန်းလုံထောင်းတစ်ယောက် လိုက်လာ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now