Chapter 97(Unicode&Zawgyi)

871 89 3
                                    


သူတို့ဟာ အစားအသောက်ခန်းမမှ လမ်းလျှောက်ထွက်လာရင်း ထုန်းယန်ဟာ ရွှီရှင်းတော၏ ဝတ်စုံက်ို အနီးကပ်ကြည့်လိုက်ပြီးမျက်ခုံးအနည်းငယ် တွန့်သွား၏။
သူဟာ အသံတိုးတိုးဖြင့် သူဟာသူ ရေရွတ်လိုက်သည်။ "ဘာလို့ အရမ်းမြင်သာနေရတာလဲ?"

ပြောပြီးနောက် သူဟာ သူ့ရဲ့အပေါ်ဝတ်အင်္ကျီကို ချွတ်ပြီး ရွှီရှင်းတော၏ ပုခုံးပေါ်ကို တင်လိုက်သည်။ ရွှီရှင်းတောဟာ သူ့ရဲ့လက်မောင်းများကို အကူအညီယူဖို့ ကိုင်နိုင်ကြောင်း ပြရန် သူ၏ လက်ကိုဆန့်ထုတ်လိုက်သည်။ တကယ်တော့ သူမဟာ ဒေါက်ဖိနပ် စီးထားခြင်းဖြစ်သည်။ ရွှီရှင်းတောဟာ လော့ရွှီကို လှည့်မေးလိုက်သည်။ "နင်ရော လိုက်မှာလား?"

"လိုက်မယ်!" လော့ရွှီဟာ တုန့်ဆိုင်းမှုမရှိ ပြောလိုက်သည်။ သူမက ဘယ်လိုလုပ်ပြီး အချောဆုံး
ကောင်လေး ကောင်မလေးတို့နဲ့အတူတူ
မသွားရမှာလဲ?

အရင်ဆုံးသူတို့ဟာ သိမ်းထားသည့်ပစ္စည်းများကို သွားယူလိုက်ပြီးနောက် အတူတကွ ထွက်သွားလေသည်။ သူ၏ ကုတ်အင်္ကျီက သူမ၏ ယခင်
ကုတ်အင်္ကျီထက် အများကြီး ပိုလိုက်ဖက်နေသည့်အတွက် ထုန်းယန်ဟာ သူ၏ အင်္ကျီကို ပြန်မယူတော့ပေ။

သူတို့ အဆောက်အအုံမှ ထွက်သည့်အခါ ရွှီရှင်းတောက အသံတိုးတိုးဖြင့်မေးလိုက်သည်။ "နင်ကဒီကိုနင့်ရဲ့ဆိုင်ကယ်နဲ့မလာဘူးမလား ဟုတ်တယ်မလား?"

ထုန်းယန်တစ်ယောက် အနည်းငယ်အကူအညီမဲ့သွား၏။ "ငါက ဦးနှောက်မရှိဘူးလို့ တကယ်ထင်နေတာလား?"
"ဟမ်...ကောင်းပါပြီ"

ထုန်းယန်၏ မွေးနေ့ပွဲ၌ ရွှီရှင်းတောတစ်ယောက် ပိုပြီးသက်သောင့်သက်သာဖြစ်သလို ခံစားရသည်။

ထုန်းယန်၏မွေးနေ့ပွဲကအရမ်းမကြီးဘဲ လူအများကြီး မဖိတ်ထားပေ။ သူမဟာ ထိုနေရာတွင်ရှိသော လူအများအပြားနှင့် ရင်းနှီးလေသည်။
မွေးနေ့ပွဲကို ထုန်းယန်၏ ကိုယ်ပ်ိုင်ဗီလာတွင် ကျင်းပတာဖြစ်သည်။ ဤနေရာက ထုန်းယန်နေသည့် နေရာဖြစ်သည်။ အနီးအနားတွင် အမိုးပွင့်ရေကူးကန်ကြီးနှင့် ခြံဝန်း၏ အလယ်၌
အဆောက်အအုံရှိတာ ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now