Chapter 15(Unicode&Zawgyi)

1.4K 111 0
                                    


ရှန်းကျုဟန်သည် သိသိသာသာပင် စက်ဆုပ်စရာကောင်းသည်။သူသည် သူ၏ လက်ချောင်းများကို စားပွဲခုံပေါ်တွင်ထိကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။ "ငါ သူမကို သေချာပေါက် ငြင်းပြီးပြီ။
သူမက အချင်ယောင်ဆောင်ပြီး ငါ့ကို တွယ်ကပ်နေတုန်းပဲ။ သူမက ဝတ္တုတွေအများကြီးဖတ်လားဆိုတာတော့ ငါမသိဘူး။ အချင်ယောင်ဆောင်နေတာက လူတွေရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်တယ်လို့
သူမက ထင်နေတာ။ ငါတော့ စက်ဆုပ်စရာကောင်းတယ်လို့ ခံစားရရုံပဲ ဟုတ်ပြီလား?"

အတန်းထဲရှိ ကျန်းလုံထောင်းဆိုသည့် အခြားကောင်လေးတစ်ယောက်သည် မအားကျဘဲ မနေနိုင်တော့ချေ။ "အစ်ကို ကျုဟန်က အရမ်းခန့်ညားတာ။ လှပတဲ့မိန်းကလေးတွေတောင်မှ အစ်ကို့နောက်ကို လိုက်ကြတယ်"

ရွှီရှင်းတောတစ်ယောက် အတန်းထဲသို့ ဝင်မလာခင် သူ၏မျက်လုံးများသည် မှေးကျဉ်းနေပြီး ရွှီရှင်းတော အတန်းထဲသို့ ဝင်လာသည့်အခါ သူ၏မျက်လုံးများမှာ ပြူးကျယ်သွား၏။

ရှန်းကျုဟန်သည် ချက်ချင်းပင် ပြန်လည်ချေပလေသည်။ "အဲဒါက အရမ်းစိတ်ညစ်စရာကောင်းတယ် ဟုတ်ပြီလား?"

စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည့် ရှောက်ချင်းဟယ်သည် ရုတ်တရက်ပြောလေသည်။ "သူမက ဘယ်လိုလုပ်ပြီး ဒီကျူရှင်သင်တန်းအကြောင်း သိသွားရတာလဲ?"

ရှောက်ချင်းဟယ်သည် အမြဲတစ်စေ လူကြီးလူကောင်းဆန်သည့် လူငယ်လေးတစ်ယောက် ဖြစ်ခဲ့သည်။ သူစကားပြောသည့်အခါ သူ၏အသံမှာ နှေးလည်းမနှေးသလို မြန်လည်းမမြန်ချေ။ သူဟာ ညင်ညင်သာသာ ပြောကြားတတ်သည်။

မုချင်းယောင်တစ်ယောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အဖေက သူ့ကို ကျောင်းအပ်ကူခဲ့တာ"

ရှောက်ချင်းဟယ်သည် ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါဆို မင်းရဲ့အဖေက အတန်းတွေအတွက် သူမကို အပ်ပေးခဲ့တာပေါ့။ သူမက လက်ဦးမှုယူခဲ့တာမဟုတ်ဘူးပေါ့?"

မုချင်းယောင်ဟာ ပြန်မဖြေပေ။

ရှောက်ချင်းဟယ်သည် လှည့်ပြီး မုချင်းယောင်ကို တစ်ခဏမျှ ကြည့်လိုက်သည်။ သူမဟာ နောက်ဆုံးတော့ မျက်စိမှိတ် သဘောတူလိုက်ရသည်။ ထို့နောက် သူသည် ရှန်းကျုဟန်ထံသို့ ပြောလိုက်သည်။ "ဒီကိစ္စမှာ မင်းစိတ်ပူစရာ မလိုပါဘူး။ သူမက ဒီကို မင်းအတွက် လာခဲ့တာ မဟုတ်ဘူး"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now