Part-29

344 24 2
                                    

"ပြောစမ်းဘာတွေလည်းလို့"

"မေမေသမီး ခွန်းလေးနဲ့"

"တော်စမ်းအဓိပ္ပာယ်မရှိတာမပြောနဲ့"

(သူပဲပြောခိုင်းပြီးတော့ဟွန်း)

"အဆက်သွယ်ဖြတ်နော်သမီး မေမေသမီးကိုယုံလို့လွှတ်ထားတာ မေမေကိုအရှက်ရအောင်မလုပ်ပါနဲ့ကွယ် သမီးသိပါတယ်နော် မောင်ရဲမာန်မိဘတွေလည်းမေမေတို့ပြောဆိုထားတာ ဒါတွေကလည်းသမီးတို့လူငယ်ချင်းမေတ္တာမျှနေလို့မေမေတို့စကားပြောထားကြတာ ခွန်းရဲ့ တက်လမ်းတွေကိုလည်းမပိတ်နဲ့ ‌ဒီအမေသေခါနီးကိုကျေးဇူးဆပ်မလို့လားဒီနည်းနဲ့"

(ဒေါ်ခင်ခင်မွန်ရဲ့အသံဟာမတိုးမကျယ်နဲ့သူ့သမီးကိုချော့ပြော့နေတဲ့အသံနဲ့ပြောတာမလို့ မာလာသူမမေမေကိုသနားသည်။)

"မဟုတ်ပါဘူးမေမေ သမီးတောင်းပန်ပါတယ် သမီးစဉ်းစားချင်သေးလို့ပါ"

"အေးပါ သေချာစဉ်းစားနော် မေမေလိုချင်တဲ့အဖြေပဲဖြစ်ပါစေ "

မာလာသူမအမေကိုဘာမှမပြောပဲအခန်းထဲကိုတိတ်ဆိတ်စွာ၀င်ပြီးငိုနေမိတယ် ငါမေမေပြောသလိုကလေးရဲ့တက်လမ်းကိုပိတ်မိနေပြီလား
မာလာတညလုံးစဉ်းစားရင်းမျက်ရည်တွေနဲ့ပါ အဖော်ပြုနေမိတယ်

.........

"သမီးရေ"

"အောက်ဆင်းလာပါအုန်းကွယ်မောင်ရဲမာန်ထက်ရောက်နေပြီ "

"ဟုတ်မေမေ"

*ဟူးးကလေးရယ်လွမ်းလိုက်တာ *

"ဪ ကို ပြောတော့ပြန်မလာဖြစ်သေးဘူးဆို"

"ပထမကမလာဖြစ်ဘူးခုကအလုပ်တွေလည်းမြန်မြန်အပြီးလုပ်လိုက်တာ ကိုလည်း မွန့်ကိုလွမ်းနေပြီ"

"ဟာကိုကလည်း"

ဒေါ်ခင်မွန်ကတော့ပြုံးပြီးထသွားတယ်

တပတ်အကြာ***

"မေမေ သမီး မေမေ့သဘောနေပါ့မယ်စ"

"ကျေးဇူးပါကွယ်မေ့မေ့သမီးလေးရယ် သမီးအမဆိုလည်းမေမေစီစဉ်ပေးတာအဆင်ပြေနေတာပဲလေ"

"ဟုတ်"

"ခနနေမောင်ရဲမာန်နဲ့ကုမ္ပဏီသွားမှာမလား"

ချစ်ရပါသော တီချယ်Where stories live. Discover now