Ch-9

23 6 1
                                    

Arc - 1 The Bloody Apartment (9)

မန်နေဂျာသည် အချိန်အတော်ကြာ တုန်လှုပ်သွားပုံရသည်။ ထို့နောက် ရှုံ့မဲ့နေသော သူ့မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခုကို ဖြစ်ညှစ်လိုက်သည်- "မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ငါတို့လိုချင်တာက ဒီသားရဲရဲ့ အလောင်းပါပဲ"

"ဒီသားရဲကို ဘယ်သူသတ်လိုက်တာလဲ။" သူ၏ ရွှံ့လိုမျက်လုံးများသည် မှေးမှိန်သွားကာ ရောက်ရှိလာသူအားလုံးကို စိုက်ကြည့်နေသည်။

မြေပြင်ပေါ်သို့ လဲကျနေသော ရှုကျောက်ကျောက်သည် နောက်ဆုံးတွင် ထရန် ရုန်းကန်ရင်း တုန်တုန်ယင်ယင်နှင့် ရှုပ်ပွနေသော အသားပုံကြီးကို လက်ညှိုးထိုးပြကာ "ရွှေရောင်မျက်မှန်တပ်ထားတဲ့ လူလိမ်ပဲ၊ သူ မကောင်းဆိုးဝါးကို အသေသတ်လိုက်တာ။"

"လူသေသွားပြီလား။ အဲ့လိုဖြစ်ခဲ့တာလား။ သူ့အတွက် ကတိပေးထားတဲ့ ဆုလာဘ်တွေကို မပို့နိုင်လိုက်လို့ သနားလိုက်တာ။" မန်နေဂျာက "ဒါပေမယ့်၊ တိုက်ခန်းအရှုပ်တော်ပုံမှာ ပျောက်ဆုံးသွားတဲ့ တခြားသားရဲတွေလည်း ရှိပါသေးတယ်..."

ဘေးနားမှ ထိပ်ပြောင်လူက ထိုစကားကို ကြားလိုက်ရသည်နှင့် သူ့မျက်လုံးများမှာ မနာလိုစိတ်ဖြင့် လျင်မြန်စွာ နီရဲလာသည်။

ထို့နောက် ချက်ချင်းပင် မန်နေဂျာသည် ဓာတ်လှေကားကို ပြန်ပိတ်ကာ လူတိုင်းကို မောင်းထုတ်ရင်း "ဒီသားရဲရဲ့ အလောင်းကို တိုက်ခန်းနေလူတွေက သန့်ရှင်းပေးမှာ ဖြစ်လို့ အားလုံးကို ရွှေ့ဖို့ ခွင့်မပြုဘူး" ဟု သတိပေးခဲ့သည်။

အားလုံးက ပထမထပ်ကနေ မောင်းထုတ်ခံလိုက်ရသည်။ ထို့နောက် ဒေါသတကြီး လမ်းခွဲခဲ့ကြသည်။

ရှန်းယွီတစ်ယောက်သာ ခပ်မြင့်မြင့်​နေရာတွေရပ်ရင်း အပေါ်စီးမှ အောက်ထပ်ကို မထွက်သွားခင် ငုံ့ကြည့်နေခဲ့သည်။

နေ့ခင်းဘက် တစ်ခါမှ ဒီလိုမလှုပ်ရှားဖူးတဲ့ မန်နေဂျာကို သူကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် တိုက်ခန်းငှားသူအချို့ကို ခေါ်ဆောင်ကာ ဓါတ်လှေကားထဲသို့ ခိုးဝင်လျက် မကောင်းဆိုးဝါး၏ အလောင်းပေါ်တွင် တစ်စုံတစ်ရာကို ရှာဖွေနေသည်။

You've reached the end of published parts.

⏰ Last updated: May 22 ⏰

Add this story to your Library to get notified about new parts!

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now