Ch-7

28 5 0
                                    

Unicode
Arc - 1 The Bloody Apartment (7)

မန်နေဂျာ၏ သွယ်ဝိုက်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရင်း ရှန်းယွီက ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်ပြလိုက်သည်- "ကျွန်တော်လုပ်လိုက်ပါ့မယ် ကျွန်တော်လုပ်လိုက်ပါ့မယ်"

စီမံခန့်ခွဲသူ- "..."

နောက်ဆုံးတွင် အဘိုးအိုသည် အေးစက်သောမျက်နှာဖြင့် ထွက်ခွာသွား သူ့ပါးစပ်နှင့် ကျိန်ဆဲနေခဲ့သည်။

ရှန်းယွီသည် ယခင်က သူ့အား deadlines များနှင့်ပတ်သက်၍ သူ့ကိုသတိပေးနေကြ အယ်ဒီတာများနှင့် ဆက်ဆံရာတွင် အသုံးပြုခဲ့သော ဝတ်ကျေတမ်းကျေအမူအရာကို အသုံးပြုခဲ့သည်။ မန်နေဂျာ ထွက်သွားပြီးနောက် သူ့မျက်နှာက တဖြည်းဖြည်း ပြောင်းလဲသွားသည်။

အခုအချိန်အထိ သူတို့စုဆောင်းထားတဲ့ အချက်အလက်တွေက အများကြီးရှိပုံပေါ်ပေမယ့် သဲလွန်စတွေက ရှုပ်ပွနေပြီး ချိတ်ဆက်ပုံမှုမရှိနေဘူး။

သူသည် တိုက်ခန်းအရှုပ်တော်ပုံ၏ နောက်ကွယ်မှ အမှန်တရား အားသိရရန် ခြေတစ်လှမ်းစာ၊ အပ်ချည်တစ်မျှင်စာလောက်သာ လိုတော့ကြောင်း သူခံစားမိသည်။

ဒီဇာတ်လမ်းရှိ သဲလွန်စများအားလုံးကို ချိတ်ဆက်နိုင်သည့် ကြိုးတစ်စ။

ရှန်းယွီက မန်နေဂျာအား သွေးတက်အောင်လုပ်နေတာကို တွေ့လိုက်ပြီးနောက် အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ လူစုခွဲလိုက်ကြတယ်။

ဆံပင်တိုကောင်မလေးတစ်ယောက်သာ ကျန်တော့သည်။

ရှန်းယွီသည် မျက်ခုံးပင့်ကာ သူမကို ကြည့်ပြီးနောက် သူမကတောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် လက်ကိုဆန့်ကာ "ငါတို့တရားဝင် မိတ်ဆက်ကြရအောင်၊ ငါ့ကလောင်နာမည်က ချီဟွား၊ နင့်ကလောင်နာမည်ကဘာလဲ"

ချီဟွား...

အရင်ကသူထင်ထားတာတွေက အမှန်ပဲ၊ “ဝတ္ထု” ကယုတ်မာပြီး ကလောင်အမြည်တွေက ရှုပ်ယှက်ခက်နေတာပဲ။

ရှန်းယွီ၏ ပါးစပ်ထောင့်များ တွန့်သွားသော်လည်း သူက ဖော်ရွေသောနည်းဖြင့် သူမနှင့် လက်ဆွဲနှုတ်ဆက်ရင်း “Mint” ပါဟုပြောလိုက်သည်၊

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Hikayelerin yaşadığı yer. Şimdi keşfedin