Ch-4

20 6 0
                                    

Unicode
Arc 1 - The Pink Apartment (4)

တံမြက်စည်း၊ အဝတ်စုတ်၊ ပုံးများနှင့် အေးစက်နေသည့် နေ့လည်စာ…

မန်နေဂျာက ထွက်သွားတော့ ပန်းတက်တူးထိုးထားတဲ့ အမျိုးသားက ရေပုံးကို ကန်လိုက်ပြီး ဆဲဆိုတော့သည်- “ဒီလောင်ဇီကို စုတ်ပြတ်သပ်နေတဲ့ နေရာမှာလည်း ထားသေးတယ်၊ လက်တစ်ဖက်တည်းနဲ့လည်း သန့်ရှင်းရေးလုပ်ခိုင်းသေးတယ် မင်းမေတို့မျိုးဗီဇကသာ သန့်ရှင်းဖို့လိုနေတာ”

ကျန်လူများက သူ၏ ပြင်းထန်သော ဒေါသကို မအံ့သြကြပေ။ မည်သူမျှ သူ့ကို ဂရုမစိုက်ကြဘဲ ဆံပင်အဝါရောင်နဲ့ သူ့ဘေးနားကလူကသာ သူ့ကို ပံ့ပိုးပေးနေဆဲဖြစ်သည်။

လှေကားထစ်တွေပေါ် လမ်းမလျှောက်နိုင်တဲ့ မသန်မစွမ်းသူတစ်ဦးကို ကူညီရင်း နှစ်ယောက်သား ခန်းမအလယ်ကို သွားပြီး ဓာတ်လှေကားသုံးချင်ကြသည်။

သို့သော် ဓာတ်လှေကားတံခါးများကို တင်းတင်းကြပ်ကြပ် အလုံပိတ်ထားသဖြင့် အထဲမှာ မည်သူမျှ မရှိသည်မှာ သိသာထင်ရှားသော်လည်း ပြသထားသော နံပါတ်များသည် အမြဲပြောင်းလဲနေလျက်ရှိသည်။ ထို့ကြောင့် ဓာတ်လှေကားသည် အထပ်များကြားတွင် ရွေ့လျားနေရမည်။

ပန်းတက်တူးထိုးထားသည့် အမျိုးသားသည် ယခုမှပင် ပြောခဲ့သည့်စကားကို မှတ်မိသွားတော့သည်- မန်နေဂျာက မနေ့က ဓာတ်လှေကား ပျက်သွားသည်ဟု ပြောခဲ့သည်။

"အမေရေ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာနေပါလား!”

သူ့ပါးစပ်ကို ဟကာ ကျိန်ဆဲရင်း နောက်ဆုံးတော့ ခန်းမထဲမှာ ထိုင်လိုက်သည်။ သူက ဦးလေးတစ်ယောက်လို မလှုပ်မယှက်ဖြစ်နေပြီး သူ့ညီလေးကိုသာ ညွှန်ကြားရေးတွေ ပေးနေသည်။ “အာ့ဟွား မင်းက ငါ့ဘဝရဲ့ဝေစုကို ယူလိုက်ပါ။ အဲဒါကို အတူတူလုပ်ရအောင်!"

အဝါရောင်ဆံပင်နဲ့ ကောင်လေးရဲ့ မျက်လုံးတွေ တဖျပ်ဖျပ်ခတ်နေပေမယ့် သူတို့ထွက်သွားပြီးရင် ဒီသူဌေးလက်အောက်မှာ ဆက်စားရဦးမယ်လို့ တွေးလိုက်ပြီး နောက်ဆုံးတော့ သဘောတူလိုက်သည်။

ကျန်လူများသည် မန်နေဂျာ၏ ယခင်ချမှတ်ထားသော အစီအစဉ်အတိုင်း သန့်ရှင်းရေးလုပ်ရန် အထပ်အသီးသီးသို့ သွားကြသည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now