10-END

262 40 13
                                    


•ငါတို့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးတွေ•

နေသိပ်မကောင်းသေးတာမို့ စောစောပြန်လာနော်ဆိုတဲ့ အမေ့ရဲ့စကားကို သတိရပေမယ့် မလိုက်နာဖြစ်။ အဲ့တာကလည်း ဆေးရုံမှာ တစ်လျှောက်လုံးပျင်းနေခဲ့ရတာမို့ စာအုပ်အငှားဆိုင်မှာ အချိန်ဟာဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်တာမို့ဖြစ်သည်။
အဲ့လိုနဲ့ အိမ်ပြန်ဖို့လုပ်တဲ့အချိန်မှာ နာရီလက်တံဟာ ရှစ်နာရီကို ကျော်သွား နေပြီ။

ဘတ်စ်ကားအစား မြေအောက်ရထားနဲ့ ပြန်ဖို့လုပ်လိုက်တာမို့ ဘူတာရုံဘက် ဦးတည်လာခဲ့လိုက်သည်။
အလုပ်ဆင်းလာတဲ့ လူတွေနဲ့ ဘူတာရုံဟာ လူရှုပ်နေတယ်လို့ပြောလို့မရပေမယ့် ရှင်းနေသည်လည်းမဟုတ်။

တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်မဟုတ်ပေမယ့် တစ်ချက်တစ်ချက် ဆူညံသံကလွဲရင် အကုန်လုံးဟာ ကိုယ့်အာရုံနဲ့ကိုယ်။
ရထားလာဖို့စောင့်နေတုန်း အမေ့ကို ပြန်လာနေပြီဖြစ်တဲ့ အကြောင်း ဖုန်းကြိုဆက်ထားလိုက်သည်။

သတိပေးထားရက်နဲ့နောက်ကျတဲ့ထိနေရမလားဆိုပြီး အမေက ပွစိပွစိလုပ်နေသေးတယ်။ အမြန် စကားစဖြတ်ပြီး ဖုန်းချလိုက်ရတယ်။
ဂျီမင်း ဖုန်းချပြီးပြီးချင်းဘဲ သူမဘေးမလှမ်းမကမ်းကို လာရပ်တဲ့ သူဘက်ကို အမှတ်တမဲ့ကြည့်မိသွားတယ်။
သို့ပေမယ့် ဘေးနား လာရပ်တဲ့ ဦးလေးကို ကျော်ပြီး ဂျီမင်းကို ဖမ်းစားသွားတဲ့ သူက အနောက်ဘက် မလှမ်းမကမ်းက ခုံတန်းမှာ ထိုင်နေတဲ့ ကောင်မလေးဖြစ်သည်။

အဖြူရောင်လွယ်အိတ်မှာ အရုပ်သုံးလေးခုချိတ်ထားသည်က ဂျီမင်းအတွက် အထူးတဆန်း။ လေးထောင့်မျက်မှန်အောက်က မျက်၀န်းတွေဟာ သိပ်ကို ပင်ပန်းပြီး အိပ်ချင်နေဟန်။
အနွေးထည်အထူကြီးအောက်မှာ မြုပ်နေတဲ့ ထိုကောင်မလေးဟာ သေးသေးကွေးကွေး။

ဝါးကနဲ သမ်းဝေပြီး ဟိုကြည့်ဒီကြည့်လုပ်ကာ မျက်လုံးတွေကို ပွတ်သပ်လိုက်သည်ထိ ဂျီမင်းဟာ ထိုကောင်မလေးဆီက အကြည့်မလွှဲနိုင်။အဲ့နောက် ထိုကောင်မလေးဟာ ဘူတာရုံက ခုံတန်းမှာ ထိုင်နေရင်းနဲ့ကို မျက်လုံးတွေ မှေးစင်းလာကာ တစ်ချက်တစ်ချက် ငိုက်စင်းလာတယ်။

ENDWhere stories live. Discover now