5-END

305 55 3
                                    


"မသောက်နဲ့တော့ မင်ဂျောင်း"

လက်ထဲက ဘူးဟာ ဆွဲယူခံလိုက်ရပေမယ့် ပြန်လုဖို့ မင်ဂျောင်းမှာ အားရော အသိစိတ်ရော မရှိနေပါ။
အဲ့အစား မျက်ရည်တွေသာ စီးကျလာတယ်။

နှုတ်ခမ်းကို ဖိကိုက်ရင်း မျက်ရည်တွေ တသွင်သွင်စီးကျလာသည်။
အစ်မကို..အစ်မကို မင်ဂျောင်းက နာကျင်စေခဲ့တာ

အဲ့နောက် ရှိုက်ကြီးတငင်ငိုတယ်။ရင်တွေနာတဲ့ထိ မျက်လုံးတွေ ပေါက်ထွက်တော့မတတ် ရှိုက်ကြီးတငင်ငိုတယ်။

လောကကြီးမှာ ငိုစရာကလွဲ ဘာမှ မရှိတော့တဲ့ လူတစ်ယောက်လိုမျိုး။
အရာရာဆုံးရှုံးသွားသလိုမျိုး။
တစ်ယောက်ယောက်ကို အကူအညီတောင်းခံနေသလို
ယူကြုံးမရစွာနဲ့ ငိုမိနေတာ။

"ငါက..."
"ငါက ...မကောင်းတဲ့ မိန်းမဘဲ"

"ကိုယ့်ကိုကိုယ်လည်း မယုံဘူး။ အချစ်ခံနေရတာကို ကျေးဇူးတင်မယ်မရှိဘဲ ၀န်လေးနေခဲ့တာ ငါက...ကြောက်ပြီးထွက်ပြေးတယ်။သူ့ရင်ကို ခြေစုံကန်တယ်။ အရှက်မရှိပြန်တိုး၀င်တယ်...တစ်ခါတည်းမဟုတ်ဘူးနော် မျက်နှာပြောင်ပြောင်နဲ့ နှစ်ခါ တိုး၀င်ခဲ့တာ!...
ငါက အရှက်မရှိဘူး ကျေးဇူးလည်း မသိတတ်ဘူး။ ငါလုပ်သမျှက သူ့ကို နာကျင်စေ တာဘဲ ရှိခဲ့တာ။ သူ့ဘ၀ကြီးကို စုတ်ပြတ်သတ်အောင် နင်းခြေပြီး ထပ်ခါထပ်ခါ နင်းခြေပြီး ပြေးထွက်လာရတဲ့ အကြောင်းပြချက်က ငါက ကြောက်လို့တဲ့။ အဓိပ္ပာယ်မရှိလိုက်တာ...
ငါ့ရဲ့ အကြောက်တရားက သူ့ကို နာကျင်စေလို့ဖြစ်ပါ့မလား ငါကြောက်တယ်ဆိုတိုင်း တစ်ဖက်လူကို လွယ်လွယ်နဲ့ ဒဏ်ရာပေးစရာလား!! ဘယ်နေရာမှ အသုံးမကျတဲ့ အပြင် ကိုယ်ချစ်တဲ့လူကိုလည်း မချစ်တတ်ဘူး။ ငါ့တစ်ဘ၀လုံး လုပ်နေခဲ့တာ ထွက်ပြေးခဲ့တာတွေချည်းဘဲ"

ရှေ့က ခွက်ကို အငမ်းမရထပ်သောက်တယ်။
နှုတ်ခမ်း၀ကနေ စီးကျလာတဲ့ အရည်အချို့ကို လက်ခုံနဲ့ ဖိသုတ်တယ်။
မျက်ရည်တွေဟာတော့ သုတ်မနိုင်တော့။

"ကိုယ့်ကိုကိုယ် ဆီကနေ ထွက်ပြေးတယ်။ သူ့ဆီကနေ ...သူ့အချစ်တွေဆီကနေ...ထွက်ပြေးဖို့ဘဲ တတ်တာ။ ငါကလေ...တစ်ခါလေးတောင် ပွေ့ဖက်မပေးနိုင်ဘဲ သူနာကျင်သွားတာကို နည်းနည်းလေးမှ သတိမမူမိဘဲ ငါလုပ်ခဲ့သမျှက ထွက်ပြေးတာဘဲ ရှိခဲ့တာ အခုလည်းထွက်ပြေးနေတာဘဲလေ နာကျင်ရမှာကို မခံနိုင်လို့ကြောက်လို့ အရက်သောက်ပြီး ထွက်ပြေးနေတာ ငါသူ့အပေါ် ဘယ်လောက် ဆိုးတာတွေလုပ်ခဲ့လည်းသိလား။ ငါတကယ် ဆိုးရွားတာတွေလုပ်ခဲ့တာ"

ENDOnde histórias criam vida. Descubra agora