9-END

436 55 11
                                    


"မင်မင်ရေ..လာ မမဆီလာ .ဟုတ်ပြီ လာ..အူးဝါး ချစ်ဖို့ကောင်းလိုက်တာ"

သူမဆီ ပြေးခုန်တက်လာတဲ့ မင်မင့် ကိုယ်လေးကို ပွေ့ချီရင်း ပွတ်သပ်ပေးလိုက်သည်။ မင်ဂျောင်း လည်ပင်းတွေဆီ မင်မင်က လာလျက်တော့ လည်ပင်းတစ်လျှောက် စိုစွတ်သွားတယ်။

ဒီပိတ်ရက် အစ်မ မရှိပါ။ ထိုယောက်ျားနဲ့ ချိန်းထားတာရှိတာမို့ မင်မင့်ကို လမ်းလျှောက် ထွက်ပေးဖို့တာ၀န်ဟာ မင်ဂျောင်းဆီ ရောက်လာတယ်။ ရပ်ကွက် ပန်းခြံထဲ ဆော့ကစားလို့ ၀သွားတဲ့ မင်မင်နဲ့အတူ မင်ဂျောင်းရောက်လာတာက အရင်က သူမတို့ နှစ်ယောက် အတူနေခဲ့တဲ့ တိုက်ခန်း။

ခေါင်မိုးထပ်ဆီရောက်တော့ အရင်လို ပန်းပင်တွေ မရှိ။ အစိမ်းရောင်သုတ်ထားတဲ့ ကြမ်းပြင်ဟာ ကွပ်ပျစ်တစ်ခု ချထားတာရယ် အ၀တ်လှမ်းစင် တစ်ခု နေရာယူထားတာကလွဲ ရှင်းလင်းနေတယ်။

"သိလား။ မင်း မမနဲ့ မမတို့နှစ်ယောက် အရင်က ဒီမှာ တူတူနေခဲ့တာလေ"

ပွေ့ချီထားတဲ့ မင်မင့်ကို လှမ်းပြောတော့ ချစ်စရာကောင်းတဲ့ ထိုကလေးဟာ လျှာလေး တစ်လစ်တစ်လစ်နဲ့ မင်ဂျောင်းနဲ့အတူ ခေါင်မိုးထပ်ကို ကြည့်တယ်။

မြင်နေရတဲ့ မြို့ပြကိုကြည့်ရင်း နေ၀င်ချိန်တွေ အတူဖြတ်သန်းခဲ့ဖူးကြတယ်။ ဆောင်းရာသီမှာ အိပ်မပျော်လို့ ထွက်လာတတ်တဲ့ မင်ဂျောင်းဆီ နွားနို့ပူပူလေးနဲ့ ခြုံစောင်ကမ်းပေးဖို့ အစ်မ အမြဲ ထွက်လာတတ်တယ်။

သူမတိတ်တိတ်လေးထွက်လာတာတောင် အစ်မက ဘာလို့ သူမရှိတာ သိလဲ ဆိုတဲ့အကြောင်း မေးကြည့်တော့ မင်ဂျောင်းမရှိရင် အခန်းက အေးလာတတ်လို့ ဆိုပြီး အစ်မက အမြဲဖြေတယ်။
မင်ဂျောင်းထွက်သွားတဲ့နောက် ဒီအခန်းထဲ အစ်မ ဘယ်လောက်တောင် အေးနေခဲ့မလဲ တွေးမိတော့ ၀မ်းနည်းရတယ် အားနာရတယ်။
ဒီလို ဆက်ကြိုးစားနေလို့ ဖြစ်ပါ့မလားဆိုတဲ့ အတွေးကိုလည်းတွေးမိတယ်။

ထပ်ပြီး အစ်မဘေး ပြန်နေနိုင်ဖို့အတွက် မင်ဂျောင်းကထိုက်တန်ပါ့မလား။သိပ်ပြီးတစ်ကိုယ်ကောင်းဆန်နေသလိုများ ဖြစ်နေမလား။

ENDWhere stories live. Discover now