9

816 132 67
                                    

ဂျောင်ဝန်း၏ မျက်နှာတစ်ခုလုံးသည် ပေါက်ကွဲထွက်တော့မည့်ဗုံးတစ်လုံးအလား ချက်ချင်းနီရဲတွတ်လာခဲ့ပြီးနောက် တစ်ကိုယ်လုံး တုန်ယင်ချိနဲ့နေသည့်ကြားမှ ထရန် ရုန်းကန်ကြိုးစားလာခဲ့သည်။

သို့သော် ထိုအားပြုမှုကြောင့်ပင် လက်က ပစ္စည်းပေါ် ပိုဖိမိသကဲ့သို့ ဖြစ်သွားပြီး အောင့်သက်မှုတစ်ခုကြား ဂျုံဆောင်းမျက်နှာထက်၌ နာကျင်သည့်အရိပ်အယောင်တို့ ပေါ်လာတော့၏။

" အာ့ .. အာ့..
yah... ဖြည်းဖြည်း "

အဆုံးမှာတော့ ဂျောင်ဝန်းအောင်မြင်စွာ ထရပ်နိုင်သွား၍ ခေါင်းတစ်ခုလုံးလည်း ပေါက်ကွဲမတတ် ချာချာလည်နေခဲ့လေပြီ။

" မ..မ..မတော်တဆ.. ချော်...ချော်ထိမိသွားတာ "

ဂျုံဆောင်းသည် ပစ္စည်းအောင့်မျက်သွားမှုအတွက် ပြသနာရှာချင်ခဲ့သော်လည်း ယခုလောလောဆယ် သူ့ထက် အကူအညီလိုအပ်နေသည်မှာ ထိုကောင်လေးဖြစ်ဟန်တူသောကြောင့် မျိုသိပ်ထားလိုက်ရ၏။

တဆတ်ဆတ် တုန်ယင်နေသော လက်တစ်ဖက်နှင့် ဟိုဒီရှောင်ကာပြေးလွှားနေသော အကြည့်များနည်းတူ သူလည်း အနည်းငယ်နေရခက်သွားသည်မို့ ချောင်းဟန့်ကာ ပြောလိုက်သည်။

" အဟမ်း ... ဘာ..ဘာကဘာဖြစ်လို့လဲ
မင်းရော ငါရော ဒါက ဒါ အတူတူပဲကို
ဒီ..ဒီတိုင်း ကိုယ့်ပစ္စည်းကိုယ်ထိမိတယ်ပဲ သဘောထားလိုက် "

ဂျောင်ဝန်းသည် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်မိပြီးနောက် လက်မှအထိအတွေ့၏ မှတ်မိနေမှုအတွက် စိတ်ညစ်ညူးစွာ ခေါင်းငုံ့သွားမိ၏။

ဘာက အတူတူဖြစ်ရမှာလဲ။

သေချာပေါက် size ကကွာနေတာကြီးကို။

အဲ့..အဲ့ဒီဟာက သူ့လက်ထဲ သေချာပေါက် အဲ့လိုမျိုး ထင်ထင်ရှားရှားနဲ့ .. အဲ့လို ...။

ဂျောင်ဝန်း ခေါင်းကိုတစ်ချက် ဆတ်ခနဲခါကာ အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ရသည်။

ဟင့်အင်း.. သူဘာမှမသိခဲ့ဘူး။

ဘာကိုမှလည်း မကိုင်မိခဲ့သလို.. ဘယ် size ရှိမှန်းလည်း မသိဘူး။

Roomie Boyfie Where stories live. Discover now