1

1.4K 179 50
                                    

" ရပြီဦးလေး ကျွန်တော့်ကို ဒီနားမှာပဲ ရပ်ပေးပါနော် "

ဘီးကိုအရှိန်လျှော့ကာ လှိမ့်၍ တအိအိနှင့် ထိုးရပ်သွားသော Taxi တံခါးသည် ခဏအကြာတွင်ပွင့်ဟသွားခဲ့ပြီး သစ်လွင်သော Sneaker လေးနှင့် ခြေတစ်ဖက် အထဲမှ ဆင်းလာခဲ့လေ၏။

ဂျောင်ဝန်းသည် ပစ္စည်းအချို့နှင့် အတော့်ကို လေးလံနေသော ကျောပိုးအိတ်အား ပုခုံးထက်တွင် သေသေချာချာ ယူပိုးလိုက်ပြီးနောက် မိမိပြောင်းရွှေ့လာသော တက္ကသိုလ်အသစ်၏ ကျောင်းဝန်းကြီးတစ်ခုလုံးကို ခြုံငုံကာကြည့်လိုက်လေသည်။

စိမ်းစိုလတ်ဆတ်သောမြင်ကွင်းများနှင့်အတူ သူ့မျက်နှာလေးက တဖြည်းဖြည်း လန်းဆန်းလာခဲ့ပြီး ပါးချိုင့်လေးတစ်ဖက်ထင်းသော အပြုံးလေးအား တက်ကြွစွာပြုံးလိုက်မိတော့၏။

နောက်ဆုံးတော့ သူရောက်ခဲ့ပြီ။

(- - - ) တက္ကသိုလ်ကို ။

" အာ ဦးလေး ရပါတယ်
ကျွန်တော့်ဘာသာ ချလိုက်ပါ့မယ် "

ဂျောင်ဝန်းကျောင်းဝန်းတစ်ခုလုံးကို ငေးကောင်းနေသည်နှင့် ကားနောက်ဖုံးမှ luggage ကိုပင် မေ့လုလုဆဲဆဲဖြစ်သွားရ၏။

Taxi ဦးလေး ချပေးရန်ကြိုးစားနေသည်ကို မြင်တော့မှ ကမန်းကတန်းသွားကူပေးရသည်။

Luggage ကို အောက်သို့ချပြီးချိန်တွင်တော့ Taxi ဦးလေးသည်လည်း ကားနောက်ဖုံးကိုပြန်ပိတ်၍ သူ့ပခုံးကို ပုတ်ကာ နှုတ်ဆက်လာလေ၏။

" ဒါဆို ဦးလေး သွားပြီနော်
နောက်တစ်နေရာရာသွားဖို့လိုရင်လည်း ဖုန်းဆက်ခေါ်လိုက် သိလား.. စျေးလျှော့ပေးမယ် "

" ဟုတ်ကဲ့ပါ.. ကောင်းကောင်းသွားပါဦးလေး "

" အေးအေး "

Taxi ဦးလေး မောင်းထွက်သွားပြီးနောက်တွင်မူ ဂျောင်ဝန်း တက်ကြွနေသော ခြေလှမ်းများနှင့် luggage ကို ဆွဲရင်း ကျောင်းဝန်းထဲ စတင်ခြေဆန့်လိုက်တော့သည်။

" အနုပညာကလပ် လှုပ်ရှားမှုအတွက် အသင်းဝင်အသစ်တွေခေါ်နေပါတယ်နော် .. "

" မောင်လေး.. မောင်လေးက fresher လား
အနုပညာကလပ်ထဲဝင်ဖို့ စိတ်ဝင်စားလား "

Roomie Boyfie Where stories live. Discover now