3

1.3K 195 43
                                    

Roomie 3

ဂျောင်ဝန်း luggage လေးကိုဆွဲကာ အခန်းတံခါးတွင်မှီရပ်နေရင်း အကြည့်လေးများက အနည်းငယ် မလုံမလဲဖြစ်လျှက် ဟိုဒီဝေ့ဝဲကြည့်နေလိုက်၏။

ထို့နောက်တွင်မူ လည်ပင်းနားလေးကို ယောင်ချာချာနှင့်ကုတ်ရင်း လည်ချောင်းကိုအသာရှင်းလိုက်ပါသည်။

" အဟမ်း.. ကျွန်တော်ဒီမှာပဲ နေပါတော့မယ် "

ထိုအခါ ဂျုံဆောင်းသည် မော့ကြည့်နေရာမှ သူ့ရင်ခွင်ထဲမှ ဂီတာထံသို့သာ အကြည့်ပြန်ရောက်သွားပြီး မေးလာ၏။

" ဘာလို့လဲ..ဆောင်ဟွန်းနဲ့ အဆင်မပြေလို့လား "

ထိုအခါ ဂျောင်ဝန်း မျက်နှာလေးက အနည်းငယ် စိတ်ညစ်ညူးသွားပုံပေါက်သွားပြီး မရေမရာပြန်ဖြေလာလေသည်။

" မဟုတ်ပါဘူး... အဲ့ဒါက ...
ဘယ်လိုအခြေအနေလဲ ကျွန်တော်လည်းမသိပေမယ့် အရင်နေဖူးတဲ့တစ်ယောက်က ရောက်လာပြီး အဲ့အခန်းမှာပဲ ပြန်နေရမယ်လို့ပြောတယ်.. သူပြောတာက.. ဆောင်ဟွန်း hyung က..သူ့...
သူ့...ကောင်..ကောင်လေးဆိုလား "

ထိုအခါ ဂျုံဆောင်းသည် အများကြီး အံ့သြသွားဟန်မပြလာဘဲ ခေါင်းစောင်းငဲ့၍သာ ခပ်သာသာရေရွတ်လာခဲ့ပါ၏။

" အော်.. ဆောနူပြန်ရောက်လာတာလား
ဘာလို့ပါလိမ့်..နိုင်ငံခြားပညာတော်သင်သွားတာက ဒီလောက်တောင်မြန်တာလား "

ဂျောင်ဝန်းမှာတော့ ရှုပ်ထွေးသထက် ရှုပ်ထွေးလာခဲ့ရသည်။

" အဲ့.. အဲ့တော့ ပြောချင်တာက...
အဲ့လိုမျိုး ယောကျ်ားလေးအချင်းချင်း..
ဟိုလို.... တွဲ ... တွဲ .. "

" တွဲနေကြတာကိုပြောချင်တာလား ? "

စကားတွေပင် ဖြောင့်ဖြောင့်တန်းတန်း မထွက်လာနိုင်အောင်ထိ အအံ့သြကြီး အံ့သြနေဟန်ရှိသော ကောင်လေးကို ဂျုံဆောင်း အနည်းငယ် ပြုံးဟန်ရှိသော အမူအရာနှင့် စကားထောက်ပေးလိုက်၏။

ထိုအခါ အမှန်တကယ်ကို သိလိုသော မျက်ဝန်းတောက်တောက်တွေနှင့် သူ့ကိုကြည့်လာလေသည်။

" အင်း.. ဆောနူ ပထမနှစ်စတက်ကတည်းကဖြစ်မယ်.. တစ်ခန်းတည်းအတူနေရာကနေ တွဲဖြစ်သွားကြတာပဲ "

Roomie Boyfie Where stories live. Discover now