4

678 147 39
                                    

Roomie 4

မနက်ခင်းအချိန်သည် သူတစ်ဦးတည်း တိုက်ခန်းတွင်နေခဲ့ရစဥ်ကလိုမဟုတ်ဘဲ အခန်းအပြင်ဘက်မှ သွားလာလှုပ်ရှားသံများနှင့် ဂျောင်ဝန်းနိုးထလာခဲ့ရသည်။

ဘေးဘက်တွင် အားသွင်းကာ တင်ထားခဲ့သောဖုန်းအား ကောက်ယူ၍ အချိန်ကိုကြည့်မိချိန်တွင်မူ သူ Alarm ပေးထားသည်ထက်ပင် 15 mins ခန့်ပိုစောနေသေးကြောင်း တွေ့လိုက်ရ၏။

ပထမဆုံး အတန်းတက်ရန် နေ့အတွက် စောစောပြင်ဆင်ရန် အကောင်းဆုံး  နိုးထလာမှုပင်။

ဂျောင်ဝန်းအပျင်းဆန့်၍ ထထိုင်ကာ ခုတင်ဘေးဘက်သို့ ခြေထောက်ချမိချိန်တွင်မူ တစ်ဖက်ခုတင်မှလူမှာ ခုချိန်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသေးကြောင်း တွေ့ရသည်။ 

မနက်စောစောစီးစီး အများစု လူရုပ်သူရုပ်မပေါက်တတ်သော အချိန်၌ပင် ဖြောင့်စင်းနေသော နှာတံမြင့်မြင့်နှင့် ထင်ရှားနေသော မေးရိုးတို့၏ ထောက်ပံ့မှုကြောင့် ကြည့်ကောင်းနေသူကို မြင်လိုက်ရသောအခါ ဂျောင်ဝန်းအလိုလို နှာခေါင်းတစ်ချက်ရှုံ့မိသွားရ၏။

ထို့နောက် အိပ်ယာမှထ၍ ရေချိုးခန်းထဲသို့မသွားမီ ဘေးမှဖြတ်အလျှောက်တွင် အနည်းငယ်ပို၍ နီးနီးကပ်ကပ်လေး လည်ဆန့်ကြည့်ကာ ခပ်တိုးတိုးရေရွတ်မိလိုက်သည်။

" အကျင့်သာမကောင်းတာ ရုပ်ကတော့ အရင်တုန်းကလို ချောတုန်းပဲ "

ထို့နောက်တွင်မူ ရေချိုးခန်းထဲသို့ဝင်၍ တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြုလုပ်လိုက်တော့၏။

ရေချိုး အဝတ်အစားလဲပြီးချိန်တွင် အတန်းစရန် အချိန်အတော်လေးလိုသေးတာမို့ အောက်ဆုံးလွှာသို့သွားကာ မနက်စာတစ်ခုခုလုပ်စားရန်ပြင်လိုက်သည်။

အောက်ဆုံးလွှာတွင် ဧည့်ခန်းနှင့်အတူ kitchen တစ်ခုရှိပြီး အဆောင်သားများ အားလုံးသုံးနိုင်သည့် ရေခဲသေတ္တာများ ၊ အဝတ်လျှော်စက်များ အပြင် ရေပူရေအေးစက်နှင့် ကော်ဖီဖျော်စက်အချို့တို့ပါ ရှိလေ၏။

ဟီဆွန်း hyung အကူအညီဖြင့် သူအားလုံးကို ရင်းနှီးကျွမ်းဝင်နေခဲ့ပြီဖြစ်ရာ မနက်စောစော ကော်ဖီတစ်ခွက်ဖျော်သောက်ရန် ဆင်းခဲ့တော့သည်။

Roomie Boyfie Where stories live. Discover now