Chapter 18

451 41 0
                                    

Unicode

မနက်ခင်းမှာတော့ ငါ့အတန်းနဲ့ အတန်း (၄) ရဲ့ ဘတ်စကတ်ဘောပွဲ ရှိတယ်။ ဒါက ငါတို့ကျောင်းရဲ့ အစဉ်အလာပဲ။ စာသင်နှစ်မပြီးခင် အတန်းတိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ကြည်ရေးပွဲတွေကစားရတယ်။ ဒီအချိန်မှာတော့ငါကအသုံးဝင်လာတယ်။ငါ့ကို တော်ရုံ အထင်မကြီးတဲ့ အတန်းခေါင်းဆောင်နဲ့ ဘာသာရပ်ကိုယ်စားလှယ်က ငါ့ဆီလာပြီးအဖေတော်လိမ့်မယ်။

ငါတို့ အတန်းထဲမှာ ယောက်ျားလေးတွေ ပိုများပေမယ့် ကစားနိုင်တဲ့လူက မများဘူး။ ဒီတစ်ခါတော့ ငါတို့ငါးပွဲကစားရတယ်။ငါနဲ့အတွဲညီတဲ့ကစားဖော် လာင်လိန် ကသူ့ဒူးအရွတ်ပြဲသွားလို့မကစားနိုင်ဘူး။အဲ့တော့ အရပ်အရမ်းရှည်ပြီးပိန်တဲ့ ဘတ်စကတ် ဘောလည်းဆော့တတ်တဲ့ မျက်မှန်သေးက အစားထိုးဖြစ်လာခဲ့တယ်။ဒီလိုမျိုး နူးညံ့တဲ့ စာတော်တဲ့နတ်ဘုရားက ဒီတိုင်း သစ်ပင်လိုရပ်နေတဲ့ ကစားသမားပဲလေ အဲ့တော့ အခြေခံအားဖြင့် ကျန်တဲ့ကစားသမားလေးယောက်ကြားမှာ ငါပဲဉီးဆောင်ရတော့တာပဲ။ငါ့အသင်းရဲ့ စွမ်းဆောင်ရည်က ကောင်းတဲ့အချိန်လဲကောင်းတယ် ဆိုးတဲ့အချိန်လည်းဆိုးနေတတ်တယ်။အဲ့တော့ သူတို့သာတလွဲတွေလုပ်ရင် ငါတော့ ကိုးယောက်တစ်ယောက်တွေ့ရတော့မှာပဲ။သူတို့ဘယ်လိုတောင် ဘော်တွန်ထိုင်လာတာ မကြာသေးတဲ့ သူကိုဒီလိုခက်ခဲတဲ့အချိန်မျိုးပေးနိုင်ရတာလဲနော်?

ဒါပေမယ့် ကောင်းတဲ့အချက်က ငါတို့ရဲ့ ပြိုင်ဘက်ရဲ့ စွမ်းရည်ကလည်း အရမ်းမကောင်းနေခဲ့တာပဲ

ငါအလယ်တန်းတတိယနှစ်တုန်းက ငါငါ့ကောရဲ့ကျောင်းအသင်းရဲ့အပြင်လူအဖြစ်နဲ့ပါခဲ့သေးတယ်။သူကငါ့ဆီကိုအလျင်အမြန်နဲ့ဘောလုံးပစ် ပေးတတ်ပြီး ငါကလည်းဘောလုံးကိုရတာနဲ့ခြင်းဆီတန်းပစ်သွင်းတော့ပဲ။ငါတို့နှစ်ယောက်မှာအားကောင်းတဲ့နားလည်ခြင်းတွေရှိတယ် သူကကစားနေရင်း နောက်ဆုံးအချိန်လောက်မှာဗျူဟာထပြောင်းရင် တောင် ငါတို့မျက်လုံးချင်းဆုံလိုက်တာနဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုငါနားလည်နိုင်တယ်။

မျှော်လင့်ထားသလိုပဲငါတို့နိုင်ပြီးနောက်တော့စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသားတွေအကုန်လုံးက ငါ့ခေါင်းကိုလာပုတ်ကြပြီး ငါနဲ့ငါ့ကောကြားကအချင်းချင်းနားလည်နိုင်စွမ်းကိုအံ့ဩတကြီးချီးကျူးခဲ့ကြတယ်။ငါ့ကောကရယ်တော့ ကောင်မလေးတွေကပါလိုက်ရယ်ကြတယ်။ဒါပေမယ့်ငါကတော့ပြုံးတောင်မပြုံးနိုင်ဘူး ဘာလို့ဆို စီနီယာချောချောလေးတွေရှိတဲ့အုပ်စုက ငါ့ကောကိုသောက်စရာတွေကမ်းနေလို့ပဲ။သူကပြုံးရင်းတယောက်ချင်းဆီရဲ့နာမည်ကိုခေါ်ပြီးနှုတ်ဆက်နေလေရဲ့။ငါ ငါ့ကောရဲ့ မျက်နှာကို ဘောလုံးနဲ့ပစ်လိုက်ပြီးထွက်လာခဲ့လိုက် တယ်

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now