Chapter 1

1.2K 94 0
                                    

Warning NFSW ⛔️

Unicode

နွေရာသီရဲ့ ပူနွေးတဲ့ စိုထိုင်းဆက ladybug လေးများရဲ့အခွံပေါ်တွင် ဆီအလွှာကို ခြယ်သထားလေသည်။ငါက ဘောပင်ကိုလှည့်နေရင်း ပြတင်းပေါက် ကနေတရုတ်ပညာရှင်အပင်ပေါ်မှာရှိနေတဲ့အင်းစက်တွေကိုငေးကြည့်နေမိတယ်။

မနေ့ညက ငါ့ကော က သူငယ်ချင်းတချို့နဲ့ အပြင် ထွက်တာကို ငါပါလိုက်သွားခဲ့တယ်လေ။အဲ့မှာစားပွဲထိုးကသီးသန့်ထမင်းစားခန်းအပြင်ဘက်မှာရှိတဲ့အင်္ကျီစင်ပေါ်မှာချိတ်ထားတဲ့ ငါ့ကောရဲ့ဝတ်စုံပေါ်ကို အရက်တွေဖိတ်ကျခဲ့တယ်။ကြီးကြပ်ရေးမှူးက သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပြီးနှင်ထုတ်ခဲ့တယ် ငါ့ကောကတော့ ဒီအကြောင်းကိုမသိခဲ့ပါဘူး

ငါ အိမ်သာက ထွက်လာတော့ သူက ဘေစင်ဘေးမှာ ငိုနေသေးတယ်။

ငါ့ကောရဲ့ အဝတ်အစားတွေက အမှန်တကယ်စျေးကြီးပေမယ့်လည်း မိုးထိလောက်အောင်ခေါင်ခိုက်နေတာတော့မဟုတ်ဘူး ဒါကအရက်လေးနည်းနည်းပဲပေသွားတာလေ ကြောက်စရာမရှိပါဘူး။

သူကငိုလေလေ ပိုဝမ်းနည်းလေပါပဲ။ နားရွက်တွေကနီရဲနေများ ပြုတ်ထားတဲ့အတိုင်းပဲ။သူကငိုနေရင်း ရှိုက်ကြီးတငင်နဲ့ သူ့လစာက ယွမ် 1500 သာရှိကြောင်းပြောလာခဲ့တယ်။သူကဒါကိုလျော်ပေးဖို့သူ့ဘယ်နှလစာနဲ့မှရမလဲမသိဘူးဆိုတာရောပေါ့

ငါ့ ကော ရဲ့ ပင်ကိုယ်စရိုက်အရ စားပွဲထိုးလေးကို အမိဖမ်းပြီး ဒီကိစ္စကို လျှော်ပေးဖို့အစီအစဉ်မရှိဘူးဆိုတာငါသိတယ်။ ဒါပေမယ့်လည်း သူကကြောက် လန့်နေတဲ့ယုန်လေးလိုပဲ ပါးလေးတွေတောင်တုန်ယင်နေသေးတယ်။ ငါသူ့ကို မခြောက်လှန့်ပဲမနေနိုင်ခဲ့ဘူး။ငါကသူ့ကိုပြောလိုက်တယ်။မင်းရဲ့လစာတစ်နှစ်စာကတောင်လျော်ကြေးမပေးနိုင်ဘူး ငါ့ ကောက မင်းကို လျော်ကြေးအဖြစ် လက်ကိုခုတ်ထစ်ပစ်ရင်တောင် အဲ့ဒါကလျှော့ပေါ့ပေးထားတယ်လို့ယူဆလို့ရတယ်ဆိုပြီးပေါ့။

သူက ငါ့စကားထဲကတစ်ခုခုကိုရိပ်မိသွားပုံရတယ်။ သူကငါ့ခါးကိုဖက်ပြီး ငိုယိုရင်းလျှော့ပေါ့ပေးဖို့ အသနားခံလာတယ်။သူက ငါ့နဲ့ နီးဖို့ကြိုးစားလိုက် ပြီးငါ့မေးစေ့ကို သူ့နှုတ်ခမ်းတွေနဲ့ ပွတ်သပ်နေရင်း နောက်ဆုံးမှာ ငါ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now