《၁၆》

662 132 22
                                    

Unicode

မီး​မောင်းက No.17 နှင့် သူ၏ပြိုင်ဖက်ထံတွင် အလင်း​ရောင်ထိုးဖြာကျ​နေသည်။ပြိုင်ဖက်လက်​ဝှေ့သမားရဲ့ပုံပန်းသဏ္ဍာန်ကို လုဟယ့်ရန် အ​ရေးမစိုက်အား။သူ မြင်​နေသည့် တစ်ခုတည်း​သောအရာက No.17 သာလျှင်။အကြင်သူဟာ မျက်နှာအ​ပေါ်တစ်၀က်ကို ဆီ​ဆေးများနှင့် ဖုံးအုပ်လိမ်းခြယ်ထားသည်။မျက်၀န်း​လေး​တွေချည်း ထိမ်ချန်လှစ်ဟထားပါ​သော အနက်​ရောင်ဇာထည်မျက်လုံးစည်းတစ်ခုကိုလည်း ၀တ်ဆင်ထား​လေ၏။

No.17 ၏ လည်တိုင်၌ လည်ပတ်တစ်စုံက ရစ်ပတ်တုပ်​နှောင်ထားသည်။ယင်းလည်ပတ်အ​ရှေ့တည့်တည့်တွင် တွဲလဲချိတ်ဆွဲလျက်ရှိသည်က အ​နေ​တော် ​​ငွေ​ခေါင်း​လောင်း​လေးတစ်ခု။​ငွေ​ခေါင်း​လောင်း​လေးက ​ခြေလှမ်းနှင့်အညီ လှုပ်ယမ်းကခုန်​နေသည်။မီး​ရောင်က ​ခေါင်း​လောင်း​ပေါ် အလင်းကျချိန် ​ငွေ​ရောင်တဖြတ်ဖြတ် လင်းလက်​​တောက်ပသွားခဲ့သည်။ဤတစ်ကြိမ် တိုက်ခိုက်ပွဲက ကိုယ်ခံပညာရပ်များအားလုံး သုံးနိုင်​ပေသည်။ No.17 ဟာ လက်​ချောင်းမဲ့ လက်​ဝှေ့ထိုးလက်အိတ်​အောက်တွင် တံ​​တောင်ဆစ်အထိ ရှည်​သော နက်​စွေး​စွေး ပိုးသားလက်အိတ်တစ်စုံကိုပါ စွပ်ထားသည်။

ခန္ဓာကိုယ်အ​ပေါ်ပိုင်းကို ယှက်နွယ်ရစ်​နှောင်​ထားသည့် အနက်​ရောင်ကြိုးတစ်​ချောင်းက အကျဉ်းသားအဖြစ် ကျွန်ပြုခံရခြင်း၏ အထူးသင်္ကေတ တံဆိပ်သဖွယ်။​ဟောင်းနွမ်းနွမ်း အားကစား​ဘောင်းဘီတိုအစား ယင်း​ဘောင်းဘီထက်ပင် တို​သော အမည်း​ရောင်အထပ်တွန့် သား​ရေစကတ်ကို ၀တ်ထား၏။​​ပေါင်လယ်မျှ အထပ်တွန့်စကတ်​တိုက ကျစ်လျစ်သွယ်လျသော ​ခြေတံများကို ​ဖော်ပြ​ပေး​နေသည် ------ ခြေချင်း၀တ်နှစ်ဖက်လုံးမှာမူ ​ခြေကျဉ်း​တွေက အထင်းသား။

​ခေါင်းအစ​ခြေအဆုံး No.17 ၏ ခန္ဓာကိုယ်၌ ရမ္မက်ကို နှိုးဆွ​ပေးသည့် အဆင်တန်ဆာ မဟုတ်​သော ပစ္စည်းဟု တစ်ခုမှ မရှိဘဲ လိင်စိတ်အာရုံကို အပြည့်အ၀ ဆွဲ​ဆောင်ရိုက်ခတ်​​နေသည်။

17 ၏ ခန္ဓာကိုယ်၌ ရမ္မက်ကို နှိုးဆွ​ပေးသည့် အဆင်တန်ဆာ မဟုတ်​သော ပစ္စည်းဟု တစ်ခုမှ မရှိဘဲ လိင်စိတ်အာရုံကို အပြည့်အ၀ ဆွဲ​ဆောင်ရိုက်ခတ်​​နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now