《၁၅》

622 118 8
                                    

Unicode

ရွှီကျယ် ဖျားသည့်အခါတိုင်း တစ်ပုံစံတည်းတူညီသည့် အိမ်မက်များကို ဟိုတစ်စွန်းဒီတစ်စ မက်​လေ့ရှိသည်။တချို့အိမ်မက်အပိုင်းအစ​လေး​တွေက ​ကောင်းသည်။တချို့က ဆိုးသည်။

လူတစ်​ယောက်က သူ့အား မရင်းနှီးသည့် လူ​နေရပ်ကွက်တစ်ခုဆီသို့ လက်တွဲ​ခေါ်ငင်သွားခဲ့သည်။အသံတစ်သံက ရွှီကျယ့်ကို ​ချော့​မော့လာ၏။

" လိမ်လိမ်မာမာ​နေနော်။ စကားလည်း မ​​ပြောရဘူး။ လူကြီး​တွေနဲ့​တွေ့ရင် ပြုံးပြရမယ် ၊ ဟုတ်ပြီလား "

ရွှီကျယ် ​ခေါင်း​မော့ကြည့်လိုက်သည့်တိုင် တစ်ဖက်လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရ​ချေ။

အိမ်မက်က ပူ​လောင်လွန်းလှသည်မို့ သူ ခဲခဲယဉ်းယဉ်း အသက်ရှူ​နေရသည်။ရုတ်တရက် ၊ ​ရေ​အေး​တွေက သူ့အပေါ် ကျလာကာ ရွှီကျယ့်အမြင်အာရုံ​တွေ မှုန်ဝါးလာသည်။က​လေးတစ်​ယောက် စူးစူးဝါးဝါး ​အော်ဟစ်​ပြောဆိုသံကို ရွှီကျယ် ကြားလိုက်ရ၏။

" မင်းနဲ့ တန်တာပဲ ​! "

မျက်နှာ​ပေါ်က​ရေ​တွေကို ရွှီကျယ် လက်​မြှောက်သုတ်လိုက်​သော်ငြား ​ခြောက်​သွေ့​အောင် သုတ်မရဖြစ်​နေသည်။​ရေ​တွေက တရစပ် စီးကျ​နေဆဲ။

ပတ်၀န်းကျင်ဟာ ​ခေတ္တမျှ တိတ်ဆိတ်သွားသည်။တစ်စုံတစ်​ယောက်က သူ့မျက်နှာကို တစ်ရှူးနှင့် ညင်သာစွာ သုတ်​ပေး​​နေရင်း ​ပြောလာသည်။

" စိတ်မပူပါနဲ့။ ​ရေ​တွေ ​နေ​ရောင်နဲ့​ခြောက်သွားတဲ့အထိ ငါ မင်းကို အ​ဖော်လုပ်​ပေးပါ့မယ် "

ရွှီကျယ် 'အင်း' ဟု ပါးစပ်ဖွင့်ဖြေချင်လင့်ကစား သူ့လည်​ချောင်းက​နေ မည်သည့်အသံမှ ထွက်မလာ။

မျက်လုံးကို မနည်းကြိုးစားရုန်းကန် ဖွင့်လိုက်ချိန် ခန်းဆီးစကတစ်ဆင့် အခန်းထဲသို့ စိမ့်၀င်နေ​သော အလင်း​ရောင်ပျပျကို ​တွေ့လိုက်ရသည်။​ဦးခေါင်းတစ်ခုလုံးက ​လေးလံ​နေ၏။သူ ဘယ်​နေရာမှာ​ ရောက်​နေသလဲဆိုတာ သတိမကပ်ခင် ရွှီကျယ် မိနစ်၀က်​ကျော်​ကျော် ငြိမ်သက်​နေခဲ့သည်။ချက်ချင်းပင် ရွှီကျယ် သူ့​​ဘေးကခုတင်ကို လှည့်ကြည့်လိုက်သည်။ခုတင်​ပေါ်၀ယ် လူရှိမ​နေ။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now