Part - 21

428 40 24
                                    

ရှောင်းကျန့် ဘေးဘီပတ်ဝန်းကျင်ကို ကြောက်ကြောက်နှင့် ကြည့်လိုက်သည်..။ သူဘယ်ရောက်နေတာလဲ.. ပြီးတော့ ဘယ်လိုလုပ် ရောက်လာတာလဲ..။ တောထဲမှာထင်တယ်..။ တိရိစ္ဆာန်လေးတွေ အသံ ကြားနေရတယ်..။ တရုတ်မှာကော ဟုတ်သေးရဲ့လား..။ ဖုန်း.. ဖုန်းဆက်ကြည့်ရမယ်..။ တော်သေးတယ်.. တိုင်ပေါ်လို့..။ တရုတ်မှာပဲဆိုတာတော့ သေချာတယ်..။ ရိပေါ်ဖုန်းကို ဆက်ကြည့်တော့ မဝင်..။ Shit!! Batteryကလည်း အရေးအကြောင်းဆို 3%ပဲ ကျန်တော့တယ်..။ ပါးဆီ ဆက်ကြည့်ရမယ်..။ ကံကောင်းထောက်မလို့ ဖုန်းအား ခံပါစေ..။

တူ.. တူ.. တူ..

"အားကျန့်!! ဘယ်သွားနေတာလဲ!! "

"ပါး.. ဘာဖြစ်သွားလဲ မသိဘူး.. ဟင့်.. ကျွန်တော် တောထဲရောက်နေတယ်.. ဟင့်.. မားကို စိတ်ဆိုးပြီး ထွက်သွားချင်တယ်လို့ တေွးလိုက်တာ ဒီရောက်လာတာပဲ.. ရိပေါ်ကိုလည်း ခေါ်မရဘူး.. ဖုန်းအားကလည်း ကုန်တော့မယ်"

ရှောင်းကျန့်မှာ ဖုန်းအားမကုန်ခင် အမြန် ပြောရသည်..။

"ဟမ်.. ဟုတ်လား"

ရိပေါ်တို့ကို အကူအညီတောင်းရအောင်လည်း ရှောင်းချန်ဆီမှာ သူတို့ phone no တလုံးမှ မရှိ...။ ဪ.. Catherine ရှိတယ်လေ..။

"ပါး Cathy ကို ခေါ်လိုက်မယ်.. ပါး phone ခေါ်တာပဲ စောင့်နေ.. Batteryကို ချွေတာနော်.. ဒါပဲ!!'

ရှောင်းချန်က သူ့သား ပြန်ပြောသည်ကို မစောင့်ပဲ ဖုန်းချကာ Catherine ကို ခေါ်လိုက်သည်..။ တော်သေးတယ် ဝင်တော့ဝင်တယ်..။

"ဟဲလို.. ချန်အာ"

"Cathy.. အဲ့မှာ ရိပေါ်ရှိလား"

"အာ.. ရှိတယ်လေ"

Catherine က ယောင်နနဖြေသည်..။ သူ့နာမည်ကြားသည်နှင့် ဝမ်ရိပေါ် ချက်ချင်း ရောက်လာသည်..။

"ဘာဖြစ်တာလဲ"

"‌အားကျန့်__"

ရှောင်းချန် စကားပင် မဆုံးသေး..။

"ဘေဘီ ဘာဖြစ်လို့လဲ??"

"အားကျန့်က မင်းဆီ ဖုန်းဆက်သေးတယ်.. သူ ခုဘယ်ရောက်နေလဲ မသိဘူး.. ခုပဲ အိမ်ထဲမှာ ရှိသေးတယ်.. နောက်တမိနစ်ကျ ပျောက်သွားရော"

Moonlight SonataWhere stories live. Discover now