Part - 6

568 61 25
                                    

"အား.. ကျွတ်ကျွတ်"

ဖြူဖွေးသွယ်လျသော မျက်နှာပေါ်မှ မျက်တောင်ရှည်တို့ တဖျတ်ဖျတ်ခတ်ပြီးနောက် ကြည်စင်သော မျက်ဝန်းတို့ ပွင့်ဟလာသည်..။ နေပါဦး.. ငါကဘာလို့ အိပ်ရာပေါ် မဟုတ်ပဲ ကြမ်းပြင်ပေါ် လဲနေရတာလဲ.. ။ ရှောင်းကျန့်တွေးနေရင်းမှ မနေ့ညက အဖြစ်အပျက်တို့ ခေါင်းထဲ တရိပ်ရိပ်ပေါ်လာသည်..။

ပါး တညလုံး အိမ်ပြန်မလာဘူးနဲ့တူတယ်..။ ရှောင်းကျန့် ဆေးဘီရိုရှိရာသို့ ထော့နဲ့ထော့နဲ့ လျှောက်သွားရင်း တွေးသည်..။ ဘီရိုထဲမှ အကိုက်အခဲပျောက်ဆေး တချို့ကို ယူသောက်လိုက်သည်..။ သူ့တကိုယ်လုံး နေရာလပ်မကျန် နာကျင်နေသည်..။

မနေ့ညက ကိစ္စကို ပါးကို ပြောပြရရင် ကောင်းမလား..။ ဒါမှမဟုတ် ရဲတိုင်ရရင် ကောင်းမလား..။ ဒါပေမယ့် အဲဒါ ရိုးရိုးလူမဟုတ်ဘူးမှန်း သူ့စိတ်က သေချာနေသည်..။ Iron Manလို အရမ်း သန်မာတဲ့လူမျိုး..။ ဇာတ်ကားတွေထဲမှာတော့ သဘာဝလွန်အစွမ်းရှိတဲ့သူတွေက လူကောင်းတွေပဲ .. ။ အပြင်လောကမှာကျ အဲ့လိုမဟုတ်ဘူးနဲ့တူတယ်..။ သူပြောပြလိုက်လို့ သူ့ပါးကိုပါ အန္တရာယ်ပေးရင် ဘယ့်နှယ်လုပ်မလဲ..။

အဲ့ကောင်က ဘာကြီးနေနေ လူသား မဟုတ်တာတော့ သေချာတယ်..။

ပါးကို အန္တရာယ်တွင်းထဲ ဆွဲသွင်းလို့ မဖြစ်ဘူး..။

ရှောင်းကျန့်ကိုယ်လေးက ကြောက်စိတ်ကြောင့် တုန်ယင်သွားသည်..။ သူကျောင်းမသွားရင် ကောင်းမလားလို့ တွေးမိသေးသည်..။ ဒါပေမယ့် အိမ်ထဲမှာလည်း တယောက်ထဲ မနေချင်..။ ချီတုံချတုံ ဖြစ်နေပြီးမှ ကျောင်းတက်ဖို့ ထွက်လာခဲ့တော့ နာရီဝက်လောက် နောက်ကျနေပြီ..။ မတတ်နိုင်ဘူး..။ တချိန်တော့ လစ်ရမှာပဲ..။

ကျောင်းဖွင့်စမို့လား မသိ..။ Class လစ်တဲ့သူ နည်းသေးသည်..။‌ ကျောင်းထဲမှာ လူရှင်းနေသည်..။ ရှောင်းကျန့်က သစ်ပင်ကြီးတပင်အောက်က တန်းလျားလေးမှာ ထိုင်ချလိုက်သည်..။ သူ့တကိုယ်လုံး နာကျင်ကိုက်ခဲနေသည်..။ ဘယ်လို ဖြစ်တာလဲ..။ ဆေးသောက်ထားတာတောင် မသက်သာပါလား..။

"ရော့"

သူ ဆတ်ကနဲ လှည့်ကြည့်လိုက်တော့ အတန်းထဲက ကောင်လေးတယောက်..။ သူက ခပ်အေးအေး..။ ဖန်ချူးယဲ့တို့ group ထဲက မဟုတ်..။ နာမည်က ဝမ်းနင်ဆိုလား..။

Moonlight SonataUnde poveștirile trăiesc. Descoperă acum