Part - 13

453 53 29
                                    

တပတ်ကြာပြီးနောက်..

ဝမ်ရိပေါ်တို့ စံအိမ်မှာ အားလုံးက လူစုံတက်စုံ ရောက်နေကြပြီ..။ စနေနေ့မို့ ကျောင်းတက်စရာမလို..။ ဒီနေ့ ရွှေလန်က ‌‌‌သွေးအဖြေတွေ ယူလာမည်မို့ အားလုံး စုနေကြခြင်းဖြစ်သည်..။

ရွှေလန်ပို့သည့်messageက မရှင်းမရှင်း..။ လူကိုယ်တိုင်ရှင်းပြမှ အဆင်ပြေမည်..။ ဝမ်ရိပေါ်က စိတ်သိပ်မကြည်..။ သူ သိချင်လှပြီ..။

"ရွှေလန်က ဘယ်တော့မှ လာမှာလဲ"

ရိပေါ်က အိမ်ထဲဝင်ဝင်ချင်း ပြောသည်..။ သူ့နောက်မှာ ရှောင်းကျန့်က ကပ်လိုက်လာသည်..။ အားလုံး အံ့ဩခြင်း မဖြစ်ကြ..။ ရှောင်းကျန့်၏ အမြန်နှုန်းကလည်း တိုးတက်လာသည်..။ ရိပေါ်ကိုတော့ မမှီ..။ ဒါပေမယ့် Vampire အချင်းချင်းတောင်မှ ရိပေါ်က နည်းနည်း ပိုမြန်သည်..။ ဒါကို အမှီလိုက်နိုင်သည်ဆိုတော့ ရှောင်းကျန့်ကလည်း မခေ..။

"နောက်တမိနစ်လောက်နေရင် ရောက်တော့မှာပါ"

Mophiaက ရှောင်းကျန့်အတွက် မုန့်လုပ်နေရင်း ပြောသည်..။ လေတမာန်တော်ကြီးလည်း ရှောင်းကျန့်နှင့်မှ ထမင်းချက်ဖြစ်နေပြီ..။ သို့ရာတွင် အဲ့ကလေးက ချစ်မွှေးပါတော့ လုပ်ပေးချင်သည်..။

ဒီတပတ်အတွင်း ရှောင်းကျန့် သူ့စွမ်းရည်အသစ်တွေနှင့် အသားကျနေပြီ..။ ကိုကိုအသင်အပြကောင်းတာလဲ ‌ပါတာပေါ့🤭..။ ပါးကလည်း ကိုကိုတို့အိမ်သွားတာကို စိတ်ချလက်ချ လွှတ်ထားသည်..။ အရေးအကြီးဆုံးက ရှောင်းကျန့်ကိုယ်တိုင် ဒီစွမ်းရည်တွေ ရှိတာလဲ မဆိုးဘူးလို့ လက်ခံလာခြင်း..။ ဒါလေးဖြစ်တာ ကမ္ဘာပျက်သွားတာမှ မဟုတ်တာ..။ မြန်တော့ ပါးကိုကားဝယ်ခိုင်းစရာ မလိုတော့ဘူးပေါ့..။ အားသန်တော့လည်း အိမ်အလုပ်တွေ အမြန်လုပ်ပြီး နှပ်နေရုံပဲ..။ အကြားအာရုံကောင်းလာတော့ အတင်းတွေ နားထောင်လို့ရတယ်..။ အရင်အဝေးမှုန်ကနေ ခုဆို မျက်မှန်မလိုတော့ဘူး..။

သူဘာဖြစ်လို့ ဒီလို Vampire တပိုင်းဖြစ်လဲဆိုတာ အဖြေမရှာချင်တော့တာမျိုး မဟုတ်..။ ရှောင်းကျန့်က အပြောင်းအလဲနှင့် လိုက်လျောညီထွေ နေတတ်ရုံသာ..။ သူ မဖြစ်ချင်ဘူးဆိုတိုင်း ဒီအရာတွေက ပျောက်သွားမှာမှ မဟုတ်တာ..။ ပါးကို မထိခိုက်ရင် Vampire တပိုင်းဖြစ်လဲ ဘာအရေးလဲ..။

Moonlight SonataWhere stories live. Discover now