Part - 7

548 67 30
                                    

"မင်းက Vampire King ဆိုတာနဲ့ပဲ မင်းလုပ်ချင်သလို လုပ်လို့ရမလား Desperion!!"

သူ့ရှေ့မှ လူက..  အဲ.. အတိအကျပြောရလျှင် သူ့ရှေ့မှ Vampireက ကြိတ်မနိုင် ခဲမရ ဒေါသတွေ ထွက်နေပုံရသည်..။

"ငါ လုပ်ချင်သလို လုပ်လို့ရတယ်.. ဘာလို့လဲ သိလား.. Vampire King ဖြစ်နေလို့ မဟုတ်ဘူး.. ငါက Leo Desperion ဖြစ်နေလို့.."

ဝမ်ရိပေါ်က ပြောရင်း ရှေ့မှ Vampireကို စူးစိုက်ကြည့်သည်..။ ထိုလူက အကြည့်တွေကို ရင်မဆိုင်ရဲဟန် မျက်လွှာ မြန်မြန်ချသွားသည်..။

"အခု မင်းအပေါက်လေးကို ဖွင့်ပြီး ငါမေးတာကိုဖြေ.. မဟုတ်ရင် အဲ့အပေါက်ကို နောက်ထပ် ဘယ်တော့မှ မဖွင့်နိုင်ပဲ ဖြစ်သွားလိမ့်မယ်.."

"ငါ ဘာဖြေရမှာလဲ.. ငါ ဘာမှ မသိဘူးလို့"

ဝမ်ရိပေါ် ခေါင်းမော့ပြီး ဟက်ကနဲ တချက်ရယ်လိုက်သည်..။ နေရောက်အောက်မှာ သူ့မျက်လုံးတွေက အနီရောင် လက်သွားသည်..။

"လိမ်ပြန်ပြီ.. မင်းနဲ့ မင်းPartnerနဲ့ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က တခုခု လုပ်ထားတယ်မလား.. ငါ သိရသလောက် အဲ့ဒါ လူသားကနေ Vampire ပြောင်းတာနဲ့ ပတ်သက်တယ်.. "

"ဘုရားပေးပေး ကျမ်းပေးပေးပါ အရှင်ရယ်.. မဟုတ်ရပါဘူး"

ဝမ်ရိပေါ် သူ့ရှေ့မှ လူကို စူးစိုက်ကြည့်လိုက်သည်..။ ခဏအကြာ သူ့ရှေ့မှ Vampire က မြေကြီးပေါ် လဲကျသွားပြီး  အသံကုန်ခြစ် အော်ကာ လူးလှိမ့်နေတော့သည်..။

ဒါ ဝမ်ရိပေါ်၏ အစွမ်းများထဲမှ တခု..။ သူ့မှာ Vampire တွေကို သွေးသောက်နိုင်ခြင်းအပြင် သူစူးစိုက်ကြည့်ပြီး အာရုံပြုလိုက်လျှင် ခံရသူမှာ ဘဝ၏ အနာကျင်ရဆုံး အကြောက်ရဆုံး အိပ်မက်ဆိုးတွေထဲမှာ ပိတ်မိနေတော့သည်..။

"ငါ့ စိတ်က သိပ်ရှည်တာ မဟုတ်ဘူး.. လုပ်စရာတွေလဲ ရှိသေးတယ်.. မင်း လိလိမ္မာမ္မာနဲ့ အမြန်ဖြေတာ ကောင်းမယ်.. မင်းကို လိုက်ရှာ နေရတာနဲ့တင် အချိန်အတော်ကုန်နေပြီ.."

သူ့အစွမ်းကို ရပ်လိုက်မှ မြေပြင်ပေါ်က Vampireက မောပန်းတကြီး ထလာသည်..။

"ဟုတ်.. ဟုတ်.. ဒါပေမယ့် တခုတော့ တောင်းဆိုချင်ပါတယ်.. ကျွန်တော် အခု ပြောတာတွေကို ကျွန်တော့် ပါတနာဆီ ပြန်မရောက်ပါစေနဲ့"

Moonlight SonataWhere stories live. Discover now