Part - 17 🔞🔞

1.1K 67 45
                                    

ဝမ်ရိပေါ်တို့အိမ်မှာ သူတို့နှစ်ယောက်မှ လွဲလျှင် ဘယ်သူမှ မရှိ..။ ဘယ်ရှိမလဲ..။ ဝမ်ရိပေါ် မောင်းထုတ်ထားတာကိုး..။ ငွေတွေပါ ပေးပြီး ဒီည ကြိုက်သလောက်သုံးလို့တောင် ပြောလိုက်သေးသည်..။ ဘာသုံးရမှာလဲနော်.. အရက်သောက်လည်း မမူး..။ မူးယစ်ဆေးသုံးလည်း feel မလာတဲ့ Vampire တွေပါဆို..။ မှောင်ခိုဈေးကွက်က သွေးတွေပဲ သွားဝယ်ပြီး Hotel မှာ နှပ်နေရမည်..။

"ကျန်တဲ့ လူတွေကော"

"သူတို့ ဒီနေ့ ဟိုတယ်မှာ အိပ်မှာ"

"ဒါဆို တအိမ်လုံး ကျွန်တော်တို့ နှစ်ယောက်ထဲပေါ့"

ရှောင်းကျန့်က ဝမ်ရိပေါ် ရင်ဘတ်ကို လက်ညှိုးလေးနှင့် တို့ရင်းပြောသည်..။ ဝမ်ရိပေါ် ထိန်းချုပ်နိုင်စွမ်းတွေ အကုန် လွတ်ထွက်သွားတော့မလို့..။ ဒီဟာလေးက မြွေမကြောက် ကင်းမကြောက် သူ့ကို လာစ,နေတာပဲ..။

"အင်း.. ဘေဘီ့ကို မေ့မရတဲ့ညလေး ဖန်တီးပေးမယ်"

ရှောင်းကျန့်က သူ့ကို မျက်လုံးတောက်တောက်လေးနှင့်ကြည့်သည်..။ ဒီအေးစက်တည်ငြိမ်တဲ့ Vampire ကြီး သူ့ကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်တာကို သူသဘောကျသည်..။

"ဒါဆိုလဲ ဘာစောင့်နေတာလဲ"

"ဘေဘီ အခု အိပ်လိုက်ဦး.. ပင်ပန်းနေမယ်"

အာ.. ဘာလဲကွာ..။ half feel ကြီး..။

"မအိပ်ချင်ပါဘူး"

"အိပ်လိုက်.. ဘေဘီ့ ပါးကို ရှင်းပြရတာကော စိတ်ပင်ပန်းနေပြီ.. လာ.. ကိုကို ချော့သိပ်မယ်"

ရှောင်းကျန့်ခမျာ မလိုက်ချင် လိုက်ချင်နှင့် ပါသွားသည်..။ တကယ်တော့ သူလည်း မျက်လုံးတွေ နည်းနည်းစင်းနေပြီ..။

နေပေါ့..။ နေဖင်ထိုးတဲ့အထိ အိပ်ပစ်မယ်..။ အဲ့မှာ တယောက်ထဲ ဥပုသ်စောင့်နေလိုက်..။

***

ရှောင်းကျန့် တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်..။ အိပ်မက်တောင် မမက်ဘူး..။ သို့သော် မနက်ရောက်လို့ မျက်လုံး‌ဖွင့်လိုက်တော့ မှောင်နေဆဲ..။

သူ့မျက်လုံးတွေကို တခုခုနှင့် စည်းထားပုံပဲ..။ သူဖြည်ဖို့ လက်မြှောက်လိုက်တော့ လက်တွေကိုပါ ကြိုးနှင့်ချည်ထားသည်..။ သူ့လက်တွေကို ခေါင်းပေါ်မြှောက်ပြီး ချည်ထားသလို ခြေထောက်တွေကလည်း လေထဲမှာ..။ ကိုကိုကတော့ နောက်ပြီ..။

Moonlight Sonataحيث تعيش القصص. اكتشف الآن