Chapter 11

33 5 2
                                    

ဆေးရုံရဲ့အခန်းလေးတစ်ခုမှာတော့ ကောင်လေးနှစ်ယောက်နဲ့သူတို့ရဲ့အမတွေကစကားတွေပြောကာပျော်ရွှင်စွာ‌စနောက်နေကြတယ် ။

တစ်ဖက်ကဂျပန်နိုင်ငံမှာ‌တော့

ဖြောင်းးးးး

ရိုက်ချက်ကပြင်းလွန်းအားကြီးတာကြောင့် haruto မျက်နှာတောင်လည်ထွက်သွားတယ် ။

Lisa - " Haruto! နင့်ကိုနင်လူလို့ရော ခေါ်သင့်ရဲ့လား သူများသားသမီးဘဝကိုဖျက်စီးပြီးကိုယ်လုပ်လို့ရလာတဲ့ ကိုယ့်ကလေးကိုကြင်နာမှုမရှိဘဲဖျက်ချဖို့တောင်ပြောခဲ့တယ် ဒါတင်အားမရလို့ နင့်ကို အသက်လောက်ချစ်တဲ့ကောင်လေးရဲ့သိက္ခာကိုလည်းနင်ကစော်ကားခဲ့သေးတယ် နင့်ကိုမောင်အဖြစ်‌တော်ရတာ ငါရှက်တယ် haruto ရဲ့ နင်သိလား "

Junkyu သူ့ဘေးကထွက်သွားတဲ့နေ့ကစပြီး haruto တစ်ယောက် junkyu ပေါ်လုပ်ခဲ့တာတွေကြောင့် တဖြည်းဖြည်း နောင်တရလာခဲ့တယ် ။ ပြီးတော့ သူ junkyu ကိုတကယ်ချစ်မိနေတာကိုသိသွားပြီ ။ junkyu နေတဲ့ hotel ကိုသွားရှာပေမဲ့ junkyu အခန်းကပြန်အပ်သွားပြီတဲ့ ။ junkyu နဲ့ သူကတွဲခဲ့ပေမဲ့ အချင်းချင်းဘယ်မှာနေကြလဲဆိုတာမသိဘူး ။ junkyu မှာအမတစ်ယောက်ရှိကြောင်းသူတို့ရဲ့အိမ်နီးချင်းမောင်နှမနှစ်‌ေယာက်အကြောင်းအဲ့တာပဲသူသိခဲ့ရတာ ။ သူလည်းဘာကိုဘယ်လိုလုပ်ရမလဲမသိတော့ပဲ ။သူအဲ့ချိန်ကစပြီးနေ့တိုင်းလိုလိုအရက်အမြဲသောက်ဖြစ်တယ် ။ တောက်လျှောက်ကြေကွဲပြီး အရက်ကိုနေတိုင်းသောက်နေတဲ့သူ့ကို Lisa noona က မနက်ပိုင်းတစ်ခုမှာ သူ့ကိုခေါ်ပြီး ဘာတွေဖြစ်နေတာလဲဆိုပြီးမေးတယ် ။ သူလည်း အချစ်နဲ့သူ့ရဲ့ဇာတ်လမ်းကိုစဆုံးသေချာပြောပြလိုက်တယ် ။ ပြောပြပြီးနောက်ရရှိလိုက်တာကတော့ သူ့အမရဲ့လက်ဝါးပါပဲ ။

Haruto - " ဟုတ်ပါတယ် noona ပြောတာမှန်ပါတယ် ကျွန်တော်ကလူလို့တောင်မခေါ်ထိုက်တဲ့ကောင်ပါ ဒါမဲ့အခုကျွန်တော်နောင်တလည်းရနေပါပြီ ကျွန်တော် junkyu ကိုချစ်မိနေပြီ ကျွန်တော် သူ့ကိုပြန်လိုချင်တယ် သူ့ကိုပြန်ရှာပေးပါ noona ရယ် နော် ။

သူ့ကိုငိုယိုကာပျောက်သွားတဲ့အရုပ်ကိုပြန်ရှာခိုင်းနေတဲ့အတိုင်းပြောနေတဲ့သူ့မောင်ကိုကြည့်ပြီး Lisa သက်ပြင်းချမိတယ် ။ Lisa အသက် ၁၈ နှစ်ထဲက သူတို့မိဘတွေက car accident ဖြစ်ပြီးဆုံးသွားတယ် ။ အဲ့ထဲက Lisa ကအမကြီးအမိရာဆိုတဲ့အတိုင်း မိဘတွေရဲ့ company ကိုဆက်ခံပြီး ၁၁ နှစ်ပဲရှိသေးတဲ့ haruto ကိုသူပဲထိန်းကျောင်းလာခဲ့တာ ။ အခုလို သူ့မောင်လေးက ခံစားနေတာကိုကျတော့လည်း သူမကြည့်ရက်ဘူး ။

I belong to you Where stories live. Discover now