Chapter 7

48 4 0
                                    

Junkyu Japan ရောက်တာလဝက်လောက်ရှိပြီ ။ noona တို့နဲ့တော့တစ်ခါတစ်လေမှဆက်သွယ်ဖြစ်တယ် ။ ကြားထဲမှာ haruto နဲ့တော့တော်တော်ရင်းနှီးလာပြီ ။ သူသေချာသွားတာကသူ haruto ကိုချစ်မိနေတယ်ဆိုတာပဲ ။ haruto လည်းသူနဲ့ခံစားချက်တူတူဖြစ်နေတယ်လို့သူခံစားရတယ် ။ ခုတော့ haruto ကသူ့ကိုအပြင်သွားဖို့လာခေါ်တာကြောင့်ပြင်ဆင်ပြီးစောင့်နေတာဖြစ်တယ် ။

Junkyu - " ruto ဘယ်သွားမှာလဲ "

Haruto ကားပေါ်ရောက်တော့ junkyu စမေးတယ် ။ တကယ်ကအခုအပြင်သာသွားမှာ လိုက်ခဲ့ပေးဆိုလို့လိုက်ခဲ့ရတာ ဘယ်သွားမယ်မှန်းတောင်မသိဘူး ။ သူမေးလိုက်ပေမဲ့ ruto ကသူ့ကိုအပေါ်အောက်ကြည့်ပြီး

Haruto - " hyung ကဒီနေ့ကျမှဘာလို့အရမ်း hot နေရတာလဲ "

Haruto junkyu သူ့ကားပေါ်စရောက်ထဲကသတိထားကြည့်မိတယ် ။ ဝတ်ထားတဲ့အကျီကလည်းတစ်ခါတစရံလျှောကျပြီး junkyu ရဲ့လည်တိုင်ဖွေးဖွေးလေးကိုမြင်တိုင်း haruto တံတွေးသာခနခနမျိုချနေရတယ် ။

သူ့ခန္ဒာကိုယ်ကိုစိုက်ကြည့်နေတဲ့ haruto ကြောင့် junkyu မျက်နှာဟာစတော်ဘယ်ရီသီးလေးလိုဖြစ်နေတယ် ။ haruto ကလည်း junkyu ရှက်နေမှန်းသဘောကျစွာရယ်လိုက်ပြီး

Haruto - " ကလပ်သွားမလို့လေ "

Junkyu - " ဟမ် ကလပ်ကို "

Junkyu နည်းနည်းတော့တွေဝေသွားတယ် ။ သူကကလပ်ကိုတစ်ခါပဲရောက်ဖူးတယ် ။ အဲ့ဒါကလည်း hoonie အတူ ။ မရောက်ဖူးတဲ့နေရာမို့စူးစမ်းချင်စိတ်နဲ့သွားပေမဲ့ မူးနေတဲ့ယောက်ျားလေးတစ်ချို့က junkyu ကိုထိပါးရပ်ပါးလုပ်တာမို့ hoonie အဲ့လူတွေကိုထိုးလိုက်လို့ ကလပ်ကနေနှစ်ယောက်စလုံးမောင်းထုတ်ခံရဖူးတယ် ။ junkyu ကအဲ့တည်းက ကလပ် ကိုလုံးဝမသွားတော့ပဲကြောက်သွားတာဖြစ်တယ် ။ ခုတော့ ruto ကကလပ်သွားမယ်ပြောတာကြောင့် junkyu ဘာလုပ်ရမှန်းမသိဖြစ်သွားတယ် ။

Haruto - " ဘာဖြစ်လို့လဲ hyung ကမလိုက်ချင်တော့လို့လား "

Junkyu - " ဟို hyung မလိုက်လို့ရတယ်မလား "

Haruto - " ရတယ်လေ hyung ကမသွားချင်မှတော့ကျွန်တော်နဲ့ကလပ်အတူတူသွားချင်နေတဲ့ကောင်မလေးတွေနဲ့‌ပဲသွားရတော့မှာပေါ့ "

ဒီလိုကျ junkyu သဘောမကျပါ ။ ဒါက junkyu မှမမဟုတ်ဘူး လူတိုင်းလည်း junkyu လိုပဲခံစားရလိမ့်မယ်လို့ထင်တယ် ။ ကိုယ်သဘောကျနေတဲ့ကောင်လေးကသူ့ကို‌သဘောကျနေတဲ့ကောင်မလေးတွေနဲ့ကလပ်အတူတူသွားမယ်ဆိုတာ...။

Junkyu - " အဲ့အစား hyung နဲ့ပဲတူတူသွားရအောင် "

Haruto နှုတ်ခမ်း‌အ‌ပေါ်သို့ကွေးတက်သွားတာကိုတော့ junkyu တစ်ယောက်သတိမထားမိလိုက်ပါ ။

Haruto - " hyung အတူသွားမယ်ဆိုတာသေချာလား ပြီးမှနောင်တမရနဲ့နော် "

Junkyu - " မရပါဘူး ကဲပါမောင်းတော့ "

အဲ့လိုနဲ့ haruto နဲ့ junkyu ရဲ့ကားကမောင်းထွက်သွားတယ် ။ အကယ်လို့ junkyu သာဒါကသူ့ရဲ့ဖြူစင်တဲ့ဘဝကိုအရောင်စွန်းမယ်သာသိခဲ့ရင် junkyu haruto နဲ့လိုက်ပါ့မလား ။

ကလပ်ရောက်တော့ junkyu ကတော့ haruto နားပဲကပ်နေကာ နည်းနည်းတော့ကြောက်နေတယ် ။ လူကလည်းအရမ်းများပြီးမူးရူးနေကြတာကြောင့် junkyu နည်းနည်းတော့လန့်နေတယ် ။

Haruto - " hyung ကဘာလို့မသောက်တာလဲ "

ရောက်ထဲက Junkyu ကဖျော်ရည်ပဲသောက်နေလို့ haruto ကမေးလိုက်တယ် ။

Junkyu - " hyung ကမသောက်နိုင်ဘူး ruto ရဲ့ အရက်တစ်ခွက်သောက်တာနဲ့တန်းမူးတာ အဲ့တာကြောင့် "

Haruto - " ဒီလိုဆိုပြီး ကလပ်လာပြီးဖျော်ရည်သောက်တာတော့ မဟုတ်သေးဘူးလေ "

Junkyu - " ဒါပေမဲ့.. "

Haruto - " hyung မူးလည်းဘာဖြစ်လဲကျွန်တော်ရှိတာပဲကို "

Haruto ပြောလိုက်တဲ့စကားကြောင့် junkyu ကတွေးလိုက်တယ် ။ " ruto ရှိတာပဲကို ဟုတ်တယ် ruto ကငါ့ကိုသောက်စေချင်နေတာကို နည်းနည်းလောက်သောက်လိုက်ရုံနဲ့ဘာမှမဖြစ်လောက်ပါဘူး " ။

Junkyu - " အဲ့ဆို hyung နည်းနည်းပဲသောက်မှာနော် "

အဲ့လိုပြောလိုက်မှ ruto ကပြုံးပြီး

Haruto - " ရတယ် နည်းနည်းပဲသောက် အဲ့ဒီ့ကက hyung သောက်ရင်ရပြီ "

Junkyu လည်းသူ့ရှေ့မှာရှိတဲ့အရက်တစ်ခွက်ကိုသောက်လိုက်တယ် ။

၁၀ မိနစ်အကြာမှာတော့ junkyu စားပွဲပေါ်သို့ခေါင်းမှောက်ကျသွားသည် ။ haruto ကသူ့ကိုနည်းနည်းလေးပဲထပ်‌သောက်ပါဆိုပြီးသောက်ရင်းသောက်ရင်နဲ့မှောက်သွားတာဖြစ်တယ် ။
........................................................................
15 / 4 / 2024 ( Monday )

Update ကြာသွားတဲ့အတွက်တောင်းပန်ပါတယ် ။  🌟လေးနှိပ်ပေးခဲ့ကြပါဦးနော် ။

Love you all readers 💙 😘

Thanks For Reading 💎 ☺️

I belong to you Where stories live. Discover now