Chapter 8

34 4 1
                                    

Junkyu မျက်လုံးဖွင့်လာတော့ အလင်းရောင်စူးစူးကိုမြင်လိုက်ရတယ် ။ အဲ့တာကြောင့် junkyu မျက်မှောင်ကျုံ့မိသွားတယ် ။ ပြီးတော့ သူကတခြားလူတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေတာသတိထားမိသွားတယ် ။  သူလည်းသူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့သူကိုသိချင်တာကြောင့် ခေါင်းမော့ကာအဲ့လူရဲ့ရင်ခွင်ထဲကနေမော့ကြည့်လိုက်တော့ haruto ဖြစ်နေခဲ့တယ် ။ နောက်တော့ junkyu သတိထားမိတာက သူကော ruto ကောကစောင်ထူတစ်ထည်ခြုံထားပြီးနှစ်ယောက်လုံးရဲ့ခန္တာကိုယ်မှာအဝတ်တစ်ထည်နှမရှိပဲ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေတယ် ။
သူလည်းလန့်ပြီးထဖို့လုပ်တဲ့ချိန်သူ့အောက်ပိုင်းကနာကျင်မှုကြောင့်

Junkyu - " အ့ သေပါပြီ "

သူဟာသူဆိုဘာမှလည်းမသိသလိုဘာမှလည်းလုပ်နိုင်မှာမဟုတ်လို့ ဘေးကအိပ်ပျော်နေတဲ့ Ruto ကိုပဲနှိုးဖို့လုပ်လိုက်တယ် ။

Junkyu - " ruto.. ruto ထပါဦး "

သိပ်မနိုးလိုက်ရဘူး ။ ruto ကထလာတယ် ။

Haruto - " ဟမ် hyung ဘာဖြစ်လို့လဲ "

Junkyu - " ဘာဖြစ်လို့လဲ ဟုတ်လား ruto hyung တို့ပုံစံတွေကိုလည်းကြည့်ပါဦး "

Haruto - " ကျွန်တော် hyung ကိုချစ်လို့ အခုလိုလုပ်မိသွားတာပါ ကျွန်တော့်ကိုခွင့်လွှတ်ပါနော် hyung "

Ruto ပြောပြီးတော့ junkyu ကငိုတယ် ။ junkyu ငိုတာကသူ့ကို ruto အခွင့်ကောင်းယူပြီဖျက်စီးလိုက်လို့တော့မဟုတ်ပါဘူး ။ သူ့ရဲ့ပထမဆုံးချိန်ဖြစ်တဲ့အတွက် သူချစ်ရတဲ့ ruto ကိုပေးရတာသူပျော်ပါတယ် ။ ဒါမဲ့ ruto က သူ့ကိုချစ်ကြောင်းမဝန်ခံပဲနဲ့ဒီလိုနည်းနဲ့သူ့ကိုရယူဖို့ကြိုးစားတာက သူ့အပေါ်တန်းဖိုးမထားသလိုဖြစ်နေတာမလို့ သူငိုတာပါ ။

Haruto - " hyung မငိုပါနဲ့ hyung မကျေနပ်ရင် ကျွန်တော့်ကိုကြိုက်သလိုအပြစ်ပေး ကျွန်တော်ခံပါ့မယ် ငိုတော့မငိုပါနဲ့ "

Junkyu -  " ruto hyung ကိုချစ်ရင်လည်း ချစ်တယ်ဆိုပြီးပြောပါလား ဘာလို့ခုလိုလုပ်ရတာလဲ ဟင့်..ဟင့်  "

ငိုပြီးသူ့ကိုပြောလာတဲ့ junkyu ကအသံလေးကငိုနေတာကြောင့်နည်းနည်းဝဲနေတယ်။ မျက်ရည်တွေကိုလည်းသုပ်‌လကမနဲ့အကြမ်းပတမ်းသ့တ်နေတာမလို့ haruto အမြင်မှာ junkyu ကကလေးတစ်ယောက်ပမာ ။

I belong to you Tahanan ng mga kuwento. Tumuklas ngayon