《 Chapter 63 》

343 56 2
                                    

^Unicode^

သင်္ချိုင်းမြေ

အခန်း (၆၃) : သင်္ချိုင်းမြေ (အပိုင်း ၉)

ယန္တရားစတင်လည်ပတ်လာချိန်မှာ သုံးယောက်သား အလန့်တကြား လှမ်းကြည့်မိလိုက်ကြတယ်။ အရင်ဆုံး လှုပ်ရှားလာသူက သွမ့်လိဖြစ်တယ်။ သူက လျှို့ဝှက်တံခါးကို ဖွင့်ဖို့ ဦးတည်လိုက်တယ်။ သူတို့ထင်တဲ့အတိုင်းဘဲ လျှို့ဝှက်တံခါးအနောက်မှာ မြင်ဖူးနေကျ သင်္ချိုင်းဂူပေါက် မဟုတ်တော့ဘဲနဲ့ မှောင်မည်းနေတဲ့ စင်္ကြံလမ်းသာ ရှိနေခဲ့တယ်။ ထိုလမ်းက အဆုံးအစမဲ့ပုံပေါ်ပြီး ဘယ်နေရာကို ဦးတည်နေသလဲဆိုတာ သူတို့လည်း မသိကြချေ။

"ဒါက ယန္တရားတခုပဲ" သွမ့်လိက ချက်ချင်းဆိုသလို လျှို့ဝှက်တံခါးကို ဖြတ်ကာ စင်္ကြံလမ်းထဲကို လျှောက်သွားခဲ့တယ်။ သူက ဓာတ်မီးတလက်ကို ထုတ်ယူပြီး စင်္ကြံလမ်းရဲ့နက်ရှိုင်းမှုကို မီးမောင်းထိုးပြလိုက်တယ်။ ၎င်းက အဆုံးအစမဲ့ပုံပေါ်ပြီး ဘယ်ကိုဦးတည်နေမှန်း သူ မမြင်ရဘူး။ မှောင်မည်းနေတဲ့ စင်္ကြံလမ်းရဲ့နံရံတွေပေါ်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်ချိန်မှာ နံရံမှာ တပ်ဆင်ထားတဲ့ မီးတုတ်အချို့ကို မြင်တွေ့လိုက်ရပေမဲ့ မီးသေနေတာတွေဖြစ်တယ်။ ဒီစင်္ကြံလမ်းက အရင်က လော်ကျန့်ပိတ်မိဖူးတဲ့ စင်္ကြံလမ်းနဲ့ မတူမှန်း သိသာထင်ရှားနေတယ်။

"အန္တရာယ်မရှိဘူး" သွမ့်လိက အနီးနားကို လှည့်လည်စစ်ဆေးကြည့်ပြီး ပြန်လှည့်လာကာ လျှို့ဝှက်တံခါးဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ သူ့လက်ကို ဝှေ့ယမ်းပြပြီး လော်ကျန့်နဲ့ ဖုန်းယွီလန်တို့ကို ဒီနေရာမှာ မြန်မြန်လာထိုင်ဖို့ အချက်ပြလိုက်တယ်။ ထို့နောက် လော်ကျန့်က ဖုန်းယွီလန်ကို အရင်သွားဖို့ တွန်းလွှတ်လိုက်တယ်။

သင်္ချိုင်းဂူထဲရှိ လျှို့ဝှက်တံခါးက သာမန်ထက်စာရင် ပိုမိုကျဉ်းမြောင်းပြီး တကြိမ်မှာ လူတယောက်သာ ဖြတ်သန်းသွားလာနိုင်တယ်။ ထို့အပြင် လျှို့ဝှက်တံခါးကို အောက်ထောင့်မှာ တပ်ဆင်ထားတာကြောင့် ယေဘုယျအားဖြင့် လူတယောက်က လေးဖက်ထောက်ပြီး ဖြတ်ကူးရမှာဖြစ်တယ်! လော်ကျန့်တယောက် လျှို့ဝှက်တံခါးကို ဖြတ်သွားတိုင်း ဒီအခြင်းအရာနဲ့ပတ်သတ်ပြီး တိတ်တဆိတ် ညည်းညူတတ်ပြီး ဤသင်္ချိုင်းကို ဆောက်လုပ်သူတွေက ဘာကြောင့်များ ဒီလောက်အလုပ်ရှုပ်တဲ့ လျှို့ဝှက်တံခါးကို ထည့်သွင်းတည်ဆောက်ဖို့ စိတ်ကူးခဲ့ကြမှန်း သူစဉ်းစားမရချေ။

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Where stories live. Discover now