《 Chapter 27 》

1.1K 245 1
                                    

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၂၇) : ထွက်ပြေးလွတ်မြောက်ခြင်း

ဖုန်းယွီလန်တယောက် အချိန်က ဒီလောက်အထိ ဝေ့လည်ကြောင်ပတ်နိုင်စွာ ရှည်ကြာနေနိုင်တယ်ဆိုတာကို လုံးဝ မသိခဲ့ဘူး။

တချိန်လုံး၊ သူ့နောက်မှာရှိနေတဲ့ လူသတ်ချင်နေတဲ့ အရူးကောင်က လူအုပ်ကြီးထဲကနေ တိုးတိုက်ထွက်လာရင်း သူ့ကို လိုက်ဖမ်းနေခဲ့တယ်။ ဖုန်းယွီလန်ခမျာ အလွန်အမင်း မောပန်းနေခဲ့ပြီး သူ့မျက်လုံးထဲမှာ ကြယ်တွေကိုတောင် တကယ်ကြီးမြင်နေရပြီဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီမုဆိုးကတော့ လူတယောက်ရဲ့အရိပ်လို သူ့နောက်ကနေ နီးကပ်စွာ လိုက်နေဆဲပင်! သူတို့က တမြို့လုံးရဲ့စည်ကားတဲ့ လမ်းတွေကို ဖြတ်ကျော်ကာ မရေမတွက်နိုင်တဲ့ အထပ်မြင့်အဆောက်အအုံတွေရဲ့ခေါင်မိုးတွေပေါ်ကနေ ခုန်ပျံကျော်လွှားပြီး ဝေးလံခေါင်သီကာ စွန့်ပစ်ထားတဲ့ ရွာရဲ့အပြင်ဘက်ဒေသတွေကို ဖြတ်ကျော်သွားခဲ့ပေမဲ့ ဖုန်းယွီလန် ဘယ်နေရာကိုသွားသွား သွမ့်လိကတော့ သူ့နောက်ကနေ မနားမနေ လိုက်ပါလာခဲ့ပြီး လွှတ်ပေးဖို့ ဆန္ဒမရှိခဲ့ချေ၊ သူက တကယ်တော့ သူ့ခန္ဓာကိုယ်ကို တွယ်ကပ်ပြီး သွေးစုတ်မဲ့ ကပ်ပါးကောင်တကောင်ပါပဲ!

ဒီ့ထက်ပိုပြီးကြောက်စရာကောင်းတာက ဖုန်းယွီလန်က အသိသာကြီးကို မောပန်းနေပေမဲ့ သွမ့်လိကတော့ အားအင်အပြည့်ဖြစ်ပြီး ကြည့်ရတာ တက်ကြွဖျတ်လတ်နေဆဲပင်၊ တကယ်တော့ သူက ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့တာ! ဖုန်းယွီလန်ကို အမှီလိုက်နေစဉ်မှာပဲ သူက တက္ကစီပေါ်ကနေ ကျော်လွှားသွားကာ ဘတ်စ်ကားစီးပြီးနောက် ရထားပေါ်တက်ဖို့အတွက် လော်ကျန့်ကိုတောင် လက်မှတ်တစောင် ချက်ချင်း ဝယ်ခိုင်းလိုက်သေးတယ်! အဲ့ဒါတောင်မှ သွမ့်လိဆိုတဲ့ကောင်က သူ့နောက်ကို တဖဝါးမှမခွာ လိုက်နိုင်နေဆဲဖြစ်တယ်၊ သူ့ကို တစက္ကန့်​​လေး​တောင် ​အပျောက်မခံခဲ့​ဘူး!

နှစ်ဆယ့်လေးနာရီဆိုတဲ့အချိန်က ကြာရှည်လှတယ်၊ ကုန်ဆုံးသွားတဲ့အချိန်က ၎င်းနာရီရဲ့ထက်ဝက်တောင် မကျိုးသေးချေ။ အကယ်၍ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်ဖြင့် ဖုန်းယွီလန်ခမျာ သူတကယ် အသတ်ခံရတော့မှာပဲလို့ ခံစားမိနေတယ်။ အဲ့ဒါကြောင့် သူပြေးလွှားနေစဉ်မှာပဲ လော်ကျန့်ကို သူဖုန်းခေါ်ပြီး ငိုကြွေးရင်း အကူအညီတောင်းခံခဲ့တယ်၊ "အားကျန့်ရေ! ထောင်ချောက်ဆင်၊ ထောင်ချောက်ဆင်တော့! ငါတို့တွေ ဒီမျိုးမစစ်ကောင်ကို ဖမ်းလို့ရနိုင်မဲ့ နည်းလမ်းပေါင်းစုံကို စဉ်းစားမှရမယ်!"

အနန္တဆောင်ခန်းများမှ လွတ်‌မြောက်ရာ [ မြန်မာဘာသာပြန် ]Tahanan ng mga kuwento. Tumuklas ngayon