အပိုင်း(၅၅)uni-zaw

3.9K 235 22
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၅

ပျိုတစ်ယောက် အိပ်ရာမှ ရုတ်တရက်လန့်နိုးလာတော့ ချက်ချင်းကြီး ထထိုင် ပစ်လိုက်တော့သည်

"အာ့ !"

ခေါင်းကလည်းထိုးကိုက်နေပြီး သူမတစ်ကိုယ်လုံးလည်းရစရာမရှိအောင် နာကျင်လို့နေ၏ 
အခြေအနေတွေကိုနားမလည်စွာနဲ့ပင်
မနေ့ညကဘာတွေဖြစ်သွားခဲ့ရတာလဲ ကိုယ့်ပါကိုယ် အောက်ငုံ့ကြည့်တော့ အ၀တ်အစား အပြည့်အစုံ ၀တ်ထားလေ၏ မနေ့ညက၀တ်စုံတော့မဟုတ်ပါ
ပျို ဒီအခန်းနဲ့ရောမရင်းနီးတာကြောင့် ပျို ဟိုဟိုသည်သည်ကြည့်လိုက်၏  ပျို့ ဘေးကိုအကြည့်ရောက်သွားတော့လည်းမည်သူမှရှိမနေပါ

ငါဘာတွေဖြစ်နေတာလဲ

ဂျလောက်///

ရေချိုးခန်းတံခါးပွင့်သံကြောင့် ပျိုချက်ချင်းလှည့်ကြည့်လိုက်တော့ အံ့သြမှု​နဲ့အတူ ပျို့လက်ကိုပါးစပ်ဖုံးအုပ်ထားလိုက်၏ 'ကိုဖြိုးသီက  အပေါ်ပိုင်းဗလာနဲ့ bathrobe တစ်ထည်ပတ်ကာရေချိုးခန်းထဲမှထွက်လာ၏

"ကိုဖြိုးသီဟ!!!"

"ပျိုလေးနိုးလာပြီလား ဘယ်လိုနေသေးလဲ သက်သာရဲ့လား မနေ့ညကပျိုလေး အဖျားတွေတက်သေးတယ် !"

ကိုဖြိုးသီဟ ဘာမှဖြစ်ပုံမပေါ်ပဲ ပျိုပြောနေတာကိုမသိသလိုနေတော့ ​ပျိုဒေါသထွက်သွားရသည်

"ရှင်!! ယုတ် ယုတ်မာလှချေလားဟင် ဘာလို့ကျွန်မဒီကိုရောက်နေရတာလဲ !ဘာလို့ဒီကိုခေါ်လာခဲ့တာလဲ "

"ဟမ်!! ပျိုလေးဘာကိုပြောချင်တာလဲ ကိုမနေ့ညကဘာမှမလုပ်ရသေးတာပါ ပျိုအရမ်းမူးနေတော့ ကိုယ်ကလိုက်ပို့မယ်လို့ရိုးရိုးသားသားပဲတွေးထားတာ ပျိုလေးမယုံလို့လား ခဏလေးအဲတာဆိုပြမယ်!"

ကိုဖြိုးသီကဟ သူ့ဖုန်းကိုသွားယူပြီးဖွင့်ကာ ပျို့အားထိုးပေးလာ၏

"ကိုဖြိုး လို့ ပျို လုပ်ချင်လို့လုပ်ရအောင် ဟင့် !! အာ့ ပျို့မရာတော့ဘူး လုပ်ပေးတော့  ပျိုမစောင့်ချင်တော့.."

'အမလေး....!"

ပျိုအလန့်ကြီးလန့်သွားကာ ကိုယ့်နားကိုကိုယ်ပင်မယုံနိုင်တောတဲ့အထိပါ နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားလိုက်၏ 'မဖြစ်နိုင်ဘူး''မဟုတ်ရဘူး ' 'မဖြစ်ရဘူး'

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now