အပိုင်း(၅၁)uni-zaw

3.6K 247 86
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၁

......၅လခန့်ကြာပြီးနောက်.......

အခုဆိုယဥ့်ကိုယ့်၀န်က ၈လရှိနေပြီဖြစ်သည်  ကလေးကထွားတာကြောင့်ယဥ့်ဗိုက်ကပူကားနေပြီး ယဥ်လည်း၀တုတ်နေကာ မေမေချုပ်ပေးသောဗိုက်ဖုံးဂါ၀န်လေးနဲ့ကွက်တိပါ
အထဲက ကလေးထွားတော့ ယဥ်လည်း အနည်းငယ်ပင်ပန်းသလိုတော့ရှိ၏ ယဥ်က နှလုံးသွေးကြောပိတ်ဖူးသူဖြစ်၍ တစ်ခါတစ်လေအသက်ရှူမ၀ပါ  ဆရာမကြီးနဲ့တော့အတတ်နိုင်ဆုံးတိုင်ပင်ထားလေ၏ ဆရာမကြီးကစိတ်မပူဖို့နဲ့သူတာ၀န်ယူကြောင်းရှင်းပြထားပြီးသားဖြစ်သည်
ယဥ်ညနေဖက် ကိုယ်ထူကိုယ်ထဖြစ်အောင်လို့ခြံရှေ့ပန်းပင်လေးတွေရေလောင်းနေကာ လမ်းလျှောက်နေလိုက်၏ ယဥ့်ခြေဖမို့လေးတွေကအနည်းငယ်ဖောနေတာကြောင့်လည်းကျန်းမာရေးအရ လမ်းလျှောက်ပေးတာဖြစ်သည်

"သမီးရယ် အထဲ၀င်တော့လေ !"

"ဟုတ်မေမေ ဒါလေးပြီးရင် ၀င်လာတော့မှာပါ!"

ယဥ်အခုမေမေတို့ဆီက အလည်ရောက်နေတာဖြစ်ပြီး နှစ်ပတ်တင်းတင်းပြည့်နေပြီဖြစ်သည် မိသားစု၀င်အားလုံးက ယဥ့်အပေါ်အလိုလိုက်ပေးကြသည်မို့ယဥ်စိတ်ချမ်းသာမိပါသည် ဇေက ပိတ်ရက်တွေဆိုအလည်ရောက်တတ်ပြီး ငယ်ငယ်ကတော့
ယဥ့်ဝေယျာ၀ိစ္စတွေကိုကူလုပ်ပေး၏ မေမေကတော့ယဥ့်အားအ၀တ်ပင်မလျှော်ခိုင်းပေ ယဥ်ကအအေးမိလို့လည်းမဖြစ်တာကြောင့်ပါ အခုဆိုအဖက်ကိုတွေးကြည့်တော့လည်းစိတ်ချမ်းသာစရာအပြည့်ပါ
ဟန်နီနဲ့ အကိုမင်းမင်းထွန်းနဲ့ပြန်အဆင်ပြေသွားကြပြီးအခုလည်းသူတို့နှစ်ယောက်ခရီးရှည်ထွက်သွားတာကြောင့် ယဥ်မေမေတို့နဲ့လာနေတာဖြစ်သည်
မဟုတ်ရင်ဟန်နီကိုယ်တိုင်ပဲ ယဥ့်ဝေယျာ၀ိစ္စအကုန်လုပ်ပေးလေ၏ ယဥ်အားနာပယ်မယ့်
ဟန်နီကတခါတလေ ယဥ့်အမတစ်ယောက်လိုဆူပူတတ်ကာအရာရာလုပ်ပေးတတ်သူဖြစ်သည်  ယဥ်က အိမ်မှာအကြီးဆုံးသမီးမို့တခါတလေ ဟန်နီကယဥ့်အမကြီးဆိုတဲ့အသိစိတ်နဲ့ပျော်ရွှင်ရပါသည် ယဥ့်စိတ်ကိုလည်းအမြဲခွန်အားပေးပြီးဘေးနားကနေ
နှစ်သိပ်ပေးတတ်သူဖြစ်၏ ယဥ်နေမကောင်းရင် လိုလေသေးမရှိအောင်ပြုစုတတ်သေးသည်

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now