အပိုင်း(၄၈)uni-zaw

4K 243 30
                                    

ရင်ခွင်တစ်စုံသို့ တမ်းခြင်း ၄၈

တစ်ပတ်ကြာပြီးနောက်  ....

ဒီတစ်ခါမှာတော့ ယဥ်တစ်ယောက်တည်းကိုယ်၀န်သွားပြဖို့ပြင်ဆင်နေ၏ အစတော့ အသစ် တစ်ခုမှာသွားပြဖို့တွေးထားလိုက်ပေမဲ့ ကလေးအတွက်အဆင်မပြေဖြစ်မှာစိုးတာကြောင့် ယဥ် သုခငြိမ်းကိုပဲ သွားဖို့တွေးထားလိုက်၏ ညီ မသိအောင်ခိုးလုပ်လို့ရတာပဲမို့ အခုချိန်ထိ ကလေးရဲ့အဘအမည်ဆိုတဲ့နေရာမှာ စောညီညီခန့်ကနေရာယူထားဆဲဖြစ်သည် ...ယဥ်ထိုကိုယ်၀န်ဆောင်စာအုပ်အားအိတ်ထဲထည့်လိုက်၏

ဟန်နီက သူလိုက်ပေးမယ်ဆိုပေမဲ့ ဟန်နီမှာကလည်းအခုတလော Beauty sloon ဆိုင်သစ်ဖွင့်မလို့ပြင်ဆင်နေတာကြောင့်  ကွန်ဒိုကနေ မနက်အတည်းကထွက်သွားတာဖြစ်သည်  ယဥ်လည်းအားနာတာကြောင့်ဖုန်းဆက်၍လည်းတကူးတကမခေါ်ဖြစ်ခဲ့ပါ

ယဥ်ဆေးရုံရှေ့ရောက်တော့ ကားသမားအား taxiဖိုးရှင်းပေးလိုက်ကာအထဲ၀င်လာခဲ့၏

တဖက်တွင်လည်း နန်းစုယဥ်အားအမိအရဓာတ်ပုံရိုက်နေတာကိုတော့ သူမသတိမထားမိချေ

"အမနေကောင်းတယ်နော်!"

ယဥ်အထဲရောက်တော့ ညီမလေးတစ်ယောက်ကနှုတ်ဆက်လေ၏

"ကောင်းပါတယ်ညီမလေး! ဆရာမကြီးရောက်နေပြီလားဟင်!"

"ဟုတ် အမရောက်နေပြီထင်တယ်!"

"အဲတာဆိုအမသွားလိုက်အုံးမယ်နော်!"

ပြမဲ့နေရာရောက်တော့ယ် ခါတိုင်းလိုပဲ စာအုပ်သွားထပ်ထားလိုက်ကာ ထိုင်စောင့်နေလိုက်၏

"ညီမလေးလာတာနောက်ကျတယ်နော် အမျိုးသားကော ဒီနေ့ပါမလာဘူးလား! "

အတူထိုင်နေကျ ကိုယ်၀န်ဆောင်အမက မေးလာတော့ ယဥ် ခေါင်းညိတ်ပြလိုက်၏

"ဟုတ်တယ်အမ အလုပ်မအားတာနဲ့ ညီမဘာသာပဲလာလိုက်တော့တာ!"

"ဟုတ်လား အမလေးယောကျ်ားတွေကအဲလိုကြီးပါပဲညီမရယ် အဟွင်းမပြောလိုက်ချင်ဘူး အမဆိုအရင် သမီးကိုယ်၀န်တုန်းကအိမ်ကယောက်ျားကလေအပတ်တိုင်းအခေါက်တိုင်းဘေးကနေအမြဲပါတာလေ မလိုက်ပါနဲ့ဆိုတာတောင်ပြောမရဘူး   ကဲ အခုနောက်တစ်ဗိုက်လည်းရရော ခေါ်လို့ကောမရတော့တာ မလိုက်တော့ဘူးတဲ့တော် အလုပ်မအားရတာနဲ့ သိတယ်မလား တစ်ကမ္ဘာလုံးကအလုပ်ကိုသူတစ်ယာက်တည်းဒိုင်ခံလုပ်နေရတာကျနေတာပဲသိလား!!ဟွန်း 
အမနာမည်က မြဆန်းနွယ်တဲ့ ညီမလေးနောက်ဆိုခေါ်ပြောဆက်ဆံနော် အမကပွင့်လင်ူပြီးတည့်တိုးသမား  ခင်တတ်တယ် !!ဒါနဲ့ညီမလေးကိုယ်၀န်ကဘယ်နှစ်လရှိသွားပြီလဲ"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now