အပိုင်း(၅၂)uni-zaw

6.1K 283 136
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၂

ဒေါ်နှင်းမိုးခက် အိပ်ရာမှကပျာကယာထပြီး ညအိပ်၀တ်စုံလှဲကာ ဖုန်း ပိုက်ဆံအိတ်နဲ့ ကားသော့ယူပြီးအပေါ်ထပ်မှဆင်းလာခဲ့၏ ဘယ်သူ့ကိုမှလည်းအသိမပေးချင်တော့ပါ ....
ကြီးအေးကအဆင်သင့်အောက်မှာရှိနေတော့
ကြီးအေးကိုသာ ခြံတံခါးလိုက်ပိတ်ခိုင်းပြီးကားမောင်းကာထွက်လာခဲ့တော့သည် ....
သူ ညနေကသွားတော့အကောင်းကြီးပါ ဘယ်လိုလုပ်ပြီးတော့ သမီးရယ် ဘာမှမဖြစ်ပါစေနဲ့...

မိန်းမဖြစ်သူကအရေးပေါ်အခြေအနေနဲ့ကြုံနေပယ်မယ့် ယောက်ျားဖြစ်သူကတော့ ခုချိန်ထိဘယ်မှာနေ၍နေမှန်းမသိပါ သမီးနှင်း ဆီကိုဖုန်းဆက်ပေမဲ့ သူ့ဆီကိုတော့ဆက်မလာခဲ့ပါ ကိုယ်မွေးထားတဲ့သားကကိုယ့်ကိုအရေးမလုပ်တော့ သူလည်းတကူးတကမဆက်ဘဲတမင်ထားလိုက်၏ ဒါမဲ့ မဆက်လို့မှမရပဲ သိအောင်တော့ဒင်းကိုပြောပြသင့်တယ်မလား
ဒေါ်နှင်းမိုးခက်မှာ ကားမောင်းနေရင်း သမီးဖြစ်သူဆီမှာဖုန်းနံပါတ်တစ်ခါတောင်းလိုက်ရ၏ အိမ်ကနေတောင်းလာဖို့ကလည်း သမီးတို့အခန်းကိုတခေါက်သွားမတောင်းချင်တာကြောင့် မြေးမလေးနိုးသွားရင်ပိုဆိုးသွားနိုင်၏
သမီးပို့ပေးလိုက်သော့ နံပါတ်အရှည်အား နှိပ်လိုက်တော့သည် ...

.
.
.
.
အခန်းထဲရောက်တော့ တံခါးပိတ်ပစ်လိုက်ကာ ပျိုက စတင်နမ်းလာ၏ ပျို့လက်တွေက ညီ့ရင်ဘတ်ပေါ်မှာပြေးလွှားနေပြီး ညီ့အပေါ်ထပ်အားချွတ်ပြစ်လိုက်လေသည်

ပြီးတော့မှပျိုက နောက်လှည့်ကာ ညီ့ကိုသူ့အင်္ကျီအားချွတ်စေ၏ ညီ့ခန့်စိတ်ထဲအနည်းငယ်သံသယ၀င်နေကာ
ပျိုကအတွေ့အကြုံမရှိဘူးသာပြောသည် အမူအရာအပြုအမူတွေကအသိသာကြီးဟုညီခန့့်စိတ်ထဲထင်နေမိသည် ပျိုက တစ်ဆင့်ပြီးတစ်ဆင့်အလိုက်သင့့်လုပ်နေတာကြောင့်ညီခန့်စိတ်ထဲဘ၀င်မကျမိပါ
စုယဥ်နဲ့သူပထမဆုံးစဒိတ်တုန်းတောင် စုယဥ်ရဲ့ရှက်နေသောအမူအရာတွေအား ညီခန့်တွေ့ခဲ့ရ၏
ညီခန့်စိတ်ထဲရုတ်တရက် စုယဥ်မျက်နှာအားမြင်ယောင်လာခဲ့ကာ စုယဥ့်ရဲ့အမူအရာ အပြုအမူ အော်တဲ့အသံကအစကြားယောင်လာတာကြောင့် ရုတ်တရက် ရပ်ပစ်လိုက်ကာခေါင်းခါလိုက်၏ 'အခုလိုအရြေအနေထိ မဖြစ်သင့်ဘူးမလား'
ပြီးတော့အခုညီခန့်စိတ်ထဲ အတူနေချင်သောစိတ်ရှိမနေခဲ့ပါ ပြီးတော့ သူ့ penis ကလည်း erectမလာခဲ့ပါ

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now