real51

3.1K 181 10
                                    

Unicode











ကော်ဖီခွက်ထဲဇွန်းထည့်မွှေနေရင်း ခေးရှေ့က အန်တီ့ကို မသိမသာအကဲခတ်နေမိသည်။ အန်တီခင်နဒီမေဟာလည်း မိမိကိုအကဲခတ်နေမှန်းသိပါသည်။ ခေးတို့မိသားစုနဲ့ ကိုကိုတို့မိသားစုကငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့ကြတာမို့ ခေးနဲ့ကိုကိုကလည်း မောင်နှမောင်းအရင်းတွေလိုကို ရင်းနှီးကြသည်။

''သမီး....ဒီမှာ နေရတာ အဆင်ကောပြောရဲ့လား၊ သားကရော သမီးကို ဂရုစိုက်ရဲ့လား''

''ဟုတ် ပြေပါတယ် အန်တီ၊ ကိုကိုကလည်း သမီးကို ဂရုစိုက်ပါတယ် ''

ဂရုစိုက်ချက်က ကိုယ့်ရှေ့တောင်တစ်ချက်ပေါ်မလာတာလို့တော့ ခေးမပြောဖြစ်လိုက်ပါ။

''ဒါနဲ့ အန်တီ ဒီရောက်တာကြာပြီလားဟင်''

''မနေ့ကဘဲ ရောက်တာသမီး''

''ဟုတ် ကိုကိုနဲ့ရော တွေ့ပြီးပြီလား အန်တီ''

''သားက ပုဂံဘက်သွားတယ်တဲ့ သူ့အဖေဆီလည်း အန်တီသွားနေဖို့မှ အဆင်မပြေတာ ဟိုတယ်မှာဘဲ နေရတာပေါ့''

''အန်တီအဆင်မပြေတာရှိရင် သမီးကိုပြောလေ၊ သမီးတတ်နိုင်သလောက်ကူညီပါ့မယ်''

''အဟွန်း....ဒါဆို အန်တီလည်းအားနာမနေတော့ဘူးပေါ့ သမီးနဲ့အန်တီ့သားကို လက်ထပ်ပေးဖို့ကိစ္စ အန်တီတို့လူကြီးချင်းစီစဥ်ထားတာကြာပြီ သမီးဘက်ကရော လက်ခံမယ်မလား''

''ရှင်......!''

အန်တီက ခေးကိုပြုံးပြနေပေမဲ့ အပြုံးတွေက ငြင်းခွင့်မပြုတဲ့ ခြိန်းခြောက်မှုတွေလည်းပါသည်။ ဒါပေမယ့် ခေးရော ကိုကိုရောက မောင်နှမသံယောဇဥ်ထက်မပိုကြပေ။ ခေးငြင်းလိုက်ချင်ပေမဲ့ မိဘချင်းကပြောထားပြီးသားဆိုတာကို အန်တီကငြင်းမရအောင် ဖိပြောထားခဲ့သည်။ ခေးခေါင်းတွေရှုပ်လာပြီး ဘာဆက်ပြောရမှန်းလည်းမသိတော့ပါ။ နောက်မှ ကိုကိုနဲ့တိုင်ပင်ရမည်။ အခုတော့ကြည့်ရှင်းကြတာပေါ့။

''အန်....အန်တီရယ် ရုတ်တရက်ကြီး ၊ သမီးကလည်း အခုမှ ကျောင်းပြီးထားတာမကြာသေးတော့လေ ဟို....လွတ်လွတ်လပ်လပ် နေချင်သေးတယ်ရယ် အဲ့တာကြောင့်လေ ဟို....''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now