အမှာစာ / အမွာစာ

68.3K 1.1K 20
                                    

Unicode

ဆူးနန်းရဲ့ ပထမဆုံး fiction လေးဖြစ်တဲ့ခြိန်းတို့ကို သဘောကျပေးခဲ့ကျတဲ့ စာဖတ်သူတို့ကို ဆူးနန်းကျေးဇူးတင်ပါရစေ ။ ခြိန်းတို့ကိုချစ်ပေးကြတဲ့အပြင် side Couple တွေကိုပါ ချစ်ပေးကြတဲ့အတွက်လဲ ဆူးနန်းတကယ်ကိုကြည်နူးရပါတယ် ။

အခု fiction လေးက တောင်းဆိုထားတဲ့ ငယ်လေးတွေအတွက် မြူဒေါင်းတို့အတွဲလေးရဲ့ သီးသန့်ficလေးပါ သူတို့နှစ်ယောက်ရဲ့ ခြိန်းတို့ထဲက အကြောင်းလေးကိုဘဲဇာတ်လမ်းအဖြစ် ပြန်ရေးသားပါ့မယ် မယားပါသားနဲ့ လင်ပါသားတို့ကြားက အမုန်းတရားတွေနဲ့စတဲ့အချစ်ဇာတ်လမ်းလေးပေါ့နော် တကယ်တော့ မြူဒေါင်းစိုင်ငယ်ဆိုတာ တခြားficမှာ main ukeနေရာထားဖို့တွေးထားတာပါ ဒါပေမဲ့လည်း စိုင်းတခေတ်နဲ့တွဲဖြစ်သွားတာပါပဲ ဒါကတော့သူတို့နှစ်ယောက်ရဲ့ ရေစက်ပေါ့နော် ဒါပေမဲ့ semeနာမည်ကို သိပ်အားမရတာကြောင့် ficထဲမှာတော့ စိုင်းတခေတ်မှိုင်း ဆိုပြီးထည့်ရေးဖို့စဥ်းစားဖြစ်သွားပါတယ် ငယ်လေးတို့သဘောကျမယ်လို့လဲထင်ပါတယ် လုံးလုံးကြီးပြောင်းလိုက်ရင် သူတို့ အတွဲလေးအတွက်မတရားသလိုဖြစ်သွားမှာ စိုးတယ်ရယ်

တစ်ချို့အကြောင်းအရာလေးတွေကိုပဲ ပြန်ပြင်ရေးမှာပါ အသက်အရွယ်တို့ တစ်ချို့ဇာတ်ကြောင်းတို့လောက်ကိုတော့ပြင်ပါ့မယ်နော် ဇာတ်လမ်းကတော့ ခြိန်းတို့ထဲကအတိုင်း daddy စိုင်းကြီးကိုဆဲပြီး baby မြူလေးကိုသနားရမဲ့ ficပဲမလို့ ukeမားမားများ ရှူဆေးဗူးကြိုဆောင်ထားကြပါရှင့် >_<

ဟဲဟဲ စတာ ချို၊ခါး၊ချဥ်၊စပ် ကြိုပြောချင်တာကတော့ ဆူးနန်းအနေနဲ့ အချိုတွေချည်းမရေးတတ်တာ ဆူးနန်းရဲ့စာဖတ်သူတွေသိမှာပါ မသိမသာမထိတထိရိုတာကြိုက်ရင်တော့ ဖတ်ဖို့ တိုက်တွန်းပါတယ်ရှင့် (a 3 a)

Zawgyi





𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now