Unicode
မြူဒေါင်းတို့ ညနေစောင်းတဲ့အထိ ပန်းရောင်းခဲ့ကြပြီ ပန်းအကုန်ရောင်းပြီးမှပဲ အိမ်ကိုပြန်လာခဲ့သည် ။ လက်ထဲက ငွေတစ်သောင်းကျော်လေးကို လွယ်အိတ်လေးထဲ သေချာထည့်ပြီး အိမ်ပြန်လာတဲ့ မြူဒေါင်းမှာ အပြုံးလေးတွေကို ပျော်ရွှင်မှုအတိုင်းသား မြင်ရစေသည် ။
သူ့အိမ်ရောက်တော့ အိမ်ရှေ့မှာ ခပ်ထွားထွားလူကြီးနှစ်ယောက်က ရပ်စောင့်နေတာကိုတွေ့လိုက်သည် ။ ကြောင်ကြောင်နနနဲ့ပဲ အိမ်ထဲဝင်လာခဲ့တော့ လူတစ်ယောက်ရှေ့မှာ ဖေဖေရော မေမေရောက ဒူးထောက်ထိုင်နေကြပြီး မေမေက ငိုယိုက အဖေ့ကိုထုနှက်နေသည် ။ ဖေဖေကတော့ စိတ်ရှုပ်သလိုတဲ့ပုံစံနဲ့ ခေါင်းငုံ့နေ၏ ။
"မေမေ.......''
"သား.....အမလေး သားရယ် မင်းအဖေလုပ်တာတွေ ကောင်းသေးရဲ့လား သားရဲ့!''
မေမေက သူ့အသံကြားတော့ ငိုယိုကာ ပြောလာတော့သည် ။ ဘာကိုဆိုလိုမှန်းတော့ သူမသိပေ ။ မြူဒေါင်းအမေ့နားပြေးသွားလိုက်ပြီး သေချာမေးရတော့၏ ။
"မေမေ ဘာဖြစ်လို့လဲဟင် ဒီလူတွေကရော ဘယ်သူတွေလဲ''
"မင်းအဖေပေါ့သားရယ် ဒီအကို့စီက ပိုက်ဆံသိန်းနှစ်ဆယ်ချေးပြီး ဖဲရိုက်ပစ်လိုက်တယ်တဲ့ အခုသူတို့က ပြန်မပေးရင် အမေတို့ကို သတ်ပစ်မှာတဲ့ သားရယ် ''
မေမေစကားကို သူ့မှာကြာပြီး ခေါင်းတစ်ခုလုံး ဗလာကျင်းသွားရ၏ ။ ရှေ့ကလူရဲ့ ပုံစံကလည်း တကယ်ကြီးလုပ်မဲ့ရုပ်တွေပေ ။ ဖေဖေနဲ့ပတ်သတ်ကတည်းက သူတို့သည် လူကောင်းတွေမဖြစ်နိုင် ။ လောင်းကစားသမားတွေပဲ ဖြစ်ဖို့များကြသည် ။ မြူဒေါင်းငိုပင်ငိုချင်လာမိ၏ ။
"ဖေဖေ.....ဖေဖေဘာလို့ အဲ့တာတွေဆက်လုပ်နေရတာလဲ ဖေဖေရယ် အဲ့လောင်းကစားတွေကြောင့်ပဲ သားတို့ဒီအခြေနေထိရောက်ခဲ့ကြရတာလေ အခုဒီလောက်ငွေတွေကို ဘယ်မှာသွားရှာရမှာလဲဖေဖေရာ ''
သူမငိုမိအောင် အံတင်းတင်းကြိတ်ပြီး ပြောနေရသည် ။ သူ့ဘဝက အခုတော့ ပြန်ဆပ်စရာမရှိလို့အသတ်ပင်ခံရနိုင်သည်လေ ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။