အချပ်ပို_၂

868 67 30
                                    

တဖျောက်ဖျောက်ကျနေတဲ့မိုးသံက အိမ်ခေါင်မိုးကတဆင့် တစက်မှိတ်ကိုဖြတ်ကျော်ကာ ကျစ်လစ်နေတဲ့မြေကြီးဆီတဖြည်းဖြည်းချင်းစီးကျလာ‌ေတာ့ တေးသံတပုဒ်လိုနားထောင်လို့ကောင်းသည် ။အုံ့ဆိုင်းနေတဲ့ကောင်းကင်ယံတခွင်နဲ့အတူ လေနုအေးတွေကလည်းတသုန်သုန်တိုက်ခတ်လာသည် ။တခါတရံထွက်ပေါ်လာတက်တဲ့ လျှပ်နွယ် ၊လျှပ်ပန်းတွေသည်လည်း မှိုင်းညို့နေတဲ့ ကောင်းကင်ထက်အလျင်မြန်ပဲထွက်ပေါ်လာပြီး ပျောက်ကွယ်သွားတယ် ။

အေးစိမ့်စိမ့်ဖြစ်နေတဲ့ရာသီဥတုကြောင့် အိပ်ခန်းပြတင်းပေါက်ကိုပိတ်လိုက်ပြီး အဝတ်တန်းမှာချိတ်ထားတဲ့ အနွေးထည်အပါ‌းလေးကိုယူဝတ်လိုက်သည် ။ခဏအကြာမှာတော့ အရှိန်ပြင်းတဲ့မိုးစက်တွေက တရှိန်ထိုးရွာချလာတော့သည်။ပူပြင်းလှတဲ့နွေရာသီမှာ အားအင်ကုန်ခမ်းထားသမျှ မိုးရနံ့လေးရလိုက်တာနဲ့ချက်ချင်းပဲ အားပြည့်သွားသလိုခံစားရသည်။မိုးရာသီကိုကြိုက်နှစ်သက်၏။သူ့လိုပဲ အိမ်ပတ်ပတ်လည်မှာစိုက်ပျိုးထားတဲ့ ရောင်စုံပန်းခင်းကြီးသည်လည်း ညှို‌းရော်ကျနေရာမှ လန်းဆန်းစွာဖူးပွင့်လာကြသည် ။

မြေသင်းရနံ့နဲ့အတူ သစ်ရွက်တွေပေါ်ကိုစီးဆင်းနေတဲ့မိုးရေစက်ကိုကြည့်ပြီး နှစ်ခြိုက်စွာနဲ့ပြုံးလိုက်သည် ။လက်ဖဝါးရဲရဲ‌ေလးကိုဖြန့်ထုတ်လိုက်ပြီး အေးစိမ့်နေတဲ့မိုးရေတွေကိုခံယူလိုက်သည်။လက်ချောင်းကြားထဲကနေ မိုးရေတွေစီးကျသွားတာကိုမျက်တောင်မခပ်စတမ်းကြည့်ကာ  သဘောကျနေတော့သည် ။ရာသီဥတုကသူ့ဘက်ပါတာကြောင့် အခန်းတွင်းအောင်းပြီးပန်းချီဆွဲရမည်ဟု တွေးတောကာအခန်းထဲပြန်ဝင်လာလိုက်သည်။

အရင်လိုပဲအိမ်မကြီး၏အနောက်ဘက်မှာသူ့အတွက်သီးသန့်ဆောက်ထားပေးတဲ့အိမ်လေးထဲ တခြားပစ္စည်းတွေမရှိပဲ ပန်းချီကားချပ်တွေနဲ့သာပြည့်နှက်နေသည် ။အိပ်ခန်းတခန်းကိုအလွတ်ထားကာ ကျန်တာတွေကိုတော့သူ့စိတ်ကြိုက်စီစဉ်ထားသည်။ကိုကိုကလည်း သူ့သဘောထားကိုဦးစားပေးသူဖြစ်လို့ ဘာလုပ်လုပ်ခွင့်ပြုပေးသည်

အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကိုသစ်သားစားပွဲပေါ်တင်လိုက်ပြီးပွကျဲနေတဲ့စုတ်တံတွေကိုနေရာတကျထားကာ ပန်းချီဆွဲခြင်းကိုစတင်တော့သည် ။ဆိုင်ခန်းမှာတင်ရောင်းခွင့်မပေးတော့တဲ့ ကိုကိုကသူ့ကိုအိမ်ထဲကအိမ်ပြန်တောင်သိပ်ပြီးပေးမထွက်ဘူး  ။သဝန်တိုချက်ကလည်း တဖက်ကန်းလွန်ပါလေရော။မျက်နှာစိမ်းတွေနဲ့ စကားပြောမိရင် တရက်လောက်စိတ်ကောက်တက်သည်။မြို့တော်ဝန်မဟုတ်တော့တဲ့ ကိုကိုကကုန်သွယ်ပွဲစားတယောက်ဖြစ်နေပြီ။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

ကတိ(Completed)Where stories live. Discover now