*အေးတယ်လေ ကလေးငယ်.*
*.....*
ညလေပြေကတသုန်သုန်တိုက်ခတ်နေတော့ အင်္ကျီလက်တိုဝတ်ထားတဲ့ဂျီမင်ကိုယ်လေးကအေးစက်လာတယ်။လက်နှစ်ဖက်ကိုယှက်ထားပြီး တယောက်ထဲမလှုပ်မယှက်ဘဲထိုင်နေတဲ့ဂျီမင်အနားကိုဂျောင်ဂုကလျှောက်သွားပြီး သူဝတ်ထားတဲ့အပြင်ခံလက်ရှည်ကိုချွတ်ကာ ဂျီမင်ကိုယ်ပေါ်ကိုလွှားခြုံပေးလိုက်သည်။
နေပြန်ကောင်းလာကတည်းကတစ်အိမ်လုံးကိုစကားမပြောဘဲ တစ်ယောက်ထဲသီးသန့်နေတဲ့ဂျီမင်ကိုအားလုံးကကြည့်နေရုံဘဲတက်နိုင်တယ်။ဂျီမင် စိတ်ပျော်ရွှင်ဖို့ကိုဘဲ ဦးစားပေးတာဖြစ်လို့ ဂျောင်ဂုမှာ နီးနီးကပ်ကပ်တောင်မနေရတော့ဘူး။
သူ့ကိုလည်းမေးတခွန်း၊ခေါ်တခွန်းကလွဲရင် အရင်လိုမချွဲတော့ဘူး။တခါတလေ အခန်းတံခါးပိတ်ပြီးတော့ ပန်းချီဆွဲနေတက်တယ်။အဲလိုချိန်ဆိုပိုသတိထားရတယ်။မဟုတ်တာ တခုခုလုပ်လိုက်လေမလားဆိုပြီး အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေရတာ။
*ကိုကို့ကိုစကားမပြောတော့ဘူးလား....*
*ဟင်.!ကလေးငယ်..*
*......*
*ဘာလို့ငြိမ်နေရတာလဲ ကွာ။ကိုကိုမနေတက်တာသိရဲ့သားနဲ့....*
လေအဝေ့မှာပြန့်ကျဲသွားတဲ့ဂျီမင်ရဲ့ဆံပင်တွေကိုသပ်တင်ပေးရင်းဂျောင်ဂုက လေသံအေးအေးနဲ့ပြောလိုက်တယ်။သို့ပေမယ့် သူ့ကိုကေလးငယ်ကရှိတယ်လို့တောင်မထင်ဘူး။တည်ငြိမ်နေတဲ့အကြည့်တို့က အဝေးတနေရာကိုကျောက်ချထားသည်။
ထုရိုက်လာရင်တောင်နာကျင်မှာမဟုတ်ဘူး။အခုလိုကလေးငယ်ငြိမ်နေတာကမှသူ့နှလုံးသားေလးနာကျင်ရတယ်။
*ကလေးငယ် ကိုကို တောင်းပန်ပါတယ်..*
*အခုလိုမနေပါနဲ့ နော်...*
*ရိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါလား...*
*ကြယ်ကလေးတွေကလှတယ်နော် ကိုကို!..*
ဖြေသံမလာဘဲ တယောက်ထဲပြောနေမိတဲ့ဂျောင်ဂုက ဂျီမင်အသံကြားတော့စကား,စရပ်သွားသည်။
တိမ်ကင်းစင်တဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သူ့ကိုပြောလာတဲ့ကလေးငယ်ကိုနားမလည်နိုင်စွာနဲ့တွေတွေလေးကြည့်လိုက်သည်။မှိုင်းညှို့နေတဲ့မျက်ဝန်းလေးနဲ့ တင်းတင်းစေ့ပိတ်ထားတဲ့နှုတ်ခမ်းဖူးဖူးလေးက သူ့ကိုရူးနှမ်းသွားစေသည်။