"လားရှိုးစံအိမ်မှာ"

ထိုအချိန်အထိ ခရာမယုံသေးတာမို့ လက်ကိုဖယ်ချပစ်ကာ အိပ်ရာပေါ်ကဆင်းပြေးလာခဲ့ပြီး လိုက်ကာတွေကို ဆွဲဖယ်ပစ်တော့ အပြင်ကမြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အိမ်သည် တောင်ကုန်းပေါ်မှာရှိပုံရပြီး ခပ်ဝေးဝေးက ထင်းရှူးပင်တွေ၊ စိမ်းဖန့်နေသောမြက်ခင်းပြင်နှင့် ကျောက်ခင်းထားသောကားလမ်းလေးတွေဖြင့် ခြံကျယ်ကျယ်ကြီးတစ်ခု။
ဟိုးအောက်ဘက်မှာတော့ ခေါင်မိုးနီနီလေးတွေဖြင့် အိမ်လေးတွေကစီတန်းလို့...

"မတွဲချင်ဘူး ငြင်းရဲတယ်ဆိုလို့ ရအောင်ခေါ်လာတာ မင်းဘယ်လိုဆက်လုပ်မလဲ"

ဒါတကယ်လားဟုမယုံနိုင်ဖြစ်နေတုန်း ကိုကြီးက ခရာ့ကျောဘက်ကနေ ခါးလေးကိုဖက်ကာ ပခုံးပေါ်ရောက်နေပြီဖြစ်သော ဆံပင်တွေကိုငုံ့နမ်းသည်။
ရင်ထဲကျဥ်ခနဲဖြစ်သွားပြီး ကိုကြီးရဲ့ပွေ့ဖက်နွေးထွေးမှုကြောင့် ရင်တွေခုန်လာသလို တကယ်ကြီးလုပ်ချပစ်တာပဲဆိုသည့် အတွေးဖြင့် ကြောက်လည်းကြောက်သွားမိသည်။

"ဟင့်အင်း ကိုကြီးဖယ်.. ခရာပြန်မယ် အိမ်ကစိတ်ပူနေတော့မှာ ဖယ်ပါဆို"

အတင်းရုန်းဖယ်ပစ်နေတာကိုလည်း ဂရုမစိုက်စွာဖြင့် ခရာ့လည်ပင်းနှင့် နားရွက်ကလေးကို နမ်းဖို့ကြိုးစားနေ၍ ခရာငိုချင်လာပြီး ကိုကြီးလက်တွေကို အတင်းဖယ်ချပစ်မိသည်။
ဖေကြီး ခရာ့ကို အသေသဝာ်မလား၊ ဒါမှမဟုတ် Singaporeပြန်ခေါ်မလားဆိုသည့် အတွေးတွေဖြင့် ဘယ်လိုမှနေမရအောင် ကြောက်ရွံ့လာမိသည်။
ဒီကြားထဲ အတင်းနမ်းနေသောကိုကြီးကြောင့် ငိုချင်ပြင်းပြလာရ၍ အင့်ခနဲငိုချပစ်လိုက်တော့မှ ကိုကြီးရပ်သွားပြီး သူ့လက်တွေကိုကုတ်ဖဲ့ပြီး ငိုနေသည့်ခရာ့ကို ပြန်ကြည့်၏။

"မင်းပျောက်နေတာ မနေ့ညကတည်းကပဲ Bae ငါမင်းကိုခေါ်လာမှန်းလည်းသိကြတယ် မင်းနဲ့ငါ လက်ထပ်ရတော့မှာ သိရဲ့လား"

"မသိဘူး လက်မထပ်ဘူး ကိုကြီးနဲ့တွဲဖို့တောင် ခေါင်းထဲမရှိတာ"

"အခုမရှိလို့မရတော့ဘူးလေ မင်းကို လက်ထပ်ခွင့်တောင်းနေတာ မဟုတ်ဘူးနော် အက္ခရာ မင်း မဖြစ်မနေလက်ထပ်ရတော့မယ့်ကိစ္စကိုပြောနေတာ"

PlayersWhere stories live. Discover now