"လိမ်ခဲ့မိတာသိပါတယ် ကိုကြီးလည်းလိမ်တာပဲလေ မရာ့ကို ပြန်ချိုးချင်တာနဲ့ပဲ သူများကို.."

"အဲ့လိုချိုးချင်တာနဲ့ပဲ မင်းကိုအသုံးချတယ်လို့ထင်နေတာလား မထင်စမ်းပါနဲ့ Baeရယ် လူတိုင်းက မင်းတို့ညီအစ်မလိုမဟုတ်ဘူး မင်းကိုငါအနားမှာခေါ်ထားခဲ့တာက ချစ်တဲ့စိတ်နဲ့ပဲ"

"မဟုတ်ဘူး အသုံးချတာ"

စိတ်မာမည်ထင်ထားပေမယ့် ဒီကိုရောက်ကတည်းက ငိုချည်းငိုနေပြီး ပြန်ပြောလာသည့်စကားတွေကလည်း သူ့ကိုပိုပြီးစိတ်တိုစေသည်။
ထို့ကြောင့် သူချော့ပြောဖို့စိတ်မရှည်တော့ဘဲ ခရာ့မျက်နှာကိုဆွဲမော့ယူကာ မျက်ရည်တွေကို အသာလေးပွတ်သုတ်ပေးလိုက်သည်။

"အသုံးချသလား တကယ်လားသိချင်ရင် ငါနဲ့တွဲကြည့်လိုက်.. အချိန်ပေးမှသိရမယ့်အကြောင်းအရာကို အချိန်ပေးပြီးမဖြေရှင်းချင်ဘူး"

ခရာ့မျက်နှာလေးတင်းသွားပြီး နှုတ်ခမ်းလေးကိုဖိကိုက်ကာ မျက်နှာကိုမော့ယူထားသည့်သူ့လက်တွေကို ပုတ်ထုတ်ပစ်သည်။
သူသာ အရာအားလုံးကိုသိနေကြောင်းပြောခဲ့လျှင် Bae သူနဲ့တွဲဖို့ခေါင်းညိတ်မလားဟု တိတ်တိတ်ကလေးမျှော်လင့်မိသလို သူမရဲ့ခေါင်းမာမှူကိုလည်းသိထား၍ အငြင်းခံရမည်မှန်းသိသည်။
ကိုယ့်စိတ်နဲ့ကိုယ်ဆို သူမကိုပါ ရက်ရက်စက်စက်လုပ်မိမှာဖြစ်ပေမယ့် အခုတော့ ကိုယ့်စိတ်ကိုယ်တောင်မပိုင်ချင်တော့…

"ငါက စိတ်ကူးယဥ်တတ်တဲ့ကောင်မဟုတ်ဘူးနော် Bae မင်းကိုငါနဲ့တွဲဖို့ပဲပြောနေတာ မင်းထပ်ငြင်းရင် အဆင့်တွေကျော်ချသွားပြီး ခိုးပြေးတဲ့အဆင့်အထိရောက်သွားမယ် ငါမလုပ်ရဲဘူးထင်ရင် နောက်ထပ်ငြင်းကြည့်လိုက်"

"ကိုကြီးကို ခရာကကြောက်ရမှာလား"

"မင်းမကြောက်တတ်မှန်းငါသိပါတယ် မကြောက်တတ်တာမှ တော်တော်လေးကိုမကြောက်တတ်တာ မင်းငြင်းရဲရင်ငြင်းလိုက်လေ"

ထိုအခါကျတော့လည်း ဘယ်လိုတွေအကွက်ရွှေ့ထားသလဲဆိုသည့်အကြည့်ဖြင့် သူ့ကိုကြည့်လာကာ အကြောင်းသိနေသူမို့ မျက်လုံးလေးဝိုင်းကာ ဘာမှထပ်မပြော။
ပြီးမှ မျက်လွှာလေးချသွားပြီး ဂါဝန်စလေးကို အကြောင်းမဲ့ခြေမွပစ်နေရင်း လေသံတိုးတိုးလေးဖြင့်…

PlayersWhere stories live. Discover now