"မင်း ခရာနဲ့နီးကပ်နေလို့သိမယ်ထင်နေတာ သူ့အဖေဦးမင်းထက်က အခုSingaporeမှာနေတဲ့သံအမတ်လေ အက္ခရာက သံအမတ်ကြီးရဲ့သမီး"

"မသိပါဘူးကွာ ငါကအဲ့လိုတွေ လိုက်သိချင်တာမျိုးမှမရှိဘဲ အခုက ဆိုဒ်ထဲမလာလို့မင်းကိုမေးတာ ထွက်သွားတယ်ဆိုလည်းပြီးရောပေါ့"

သူ သိပ်စိတ်မဝင်စားသလို ခပ်ညည်းညည်းပြောလိုက်တော့ စည်းကစိတ်မသက်သာစွာ သက်ပြင်းချကာ ဒီကောင်ကတော့ ဒီနေ့အတွက် စိတ်လှုပ်ရှားနေလောက်သည်။
သွေးပြန်ရောက်နေတာကို ဒီကောင်လည်းသိမှာပဲလေ...

"ထားလိုက်တော့ ငါဆိုဒ်ထဲပဲပြန်သွားတော့မယ်"

"ဂရုစိုက်ဦး သားကြီး"

သူ ခေါင်းညိတ်ပြလိုက်ကာ ရုံးအောက်ကိုပြန်ဆင်းရင်း အစ်ကို့ရဲ့လက်ထောက်လည်းဖြစ်၊ သူနဲ့လည်းညီအစ်ကိုလည်းဖြစ်သော ကိုသီဟဆီဖုန်းဆက်လိုက်၏။
စိတ်ထဲမှာထကြွနေသည့် ဒေါသလှိုင်းတွေက အတော်နဲ့မပြေပျောက်သလို Bae ဒီလိုမလှိမ့်တပတ်လုပ်မည်ဟုလည်း ထင်မထားခဲ့...

"ပြောပါ အစ်ကိုလေး"

"ပန်းထက်အက္ခရာကိုရှာပေး"

ကိုသီဟက အစ်ကို့ရဲ့ငယ်မွေးခြံပေါက်ဖြစ်သလို တပည့်အရင်းလည်းဖြစ်တာမို့ ဘာကိစ္စကိုမဆို ယုံယုံကြည်ကြည်ခိုင်းလို့ရသည်။
အထူးသဖြင့် သူ့ကိုစောင့်ရှောက်ဖို့ အစ်ကိုကတာဝန်ပေးထားတာမို့ သူ့ကိစ္စတိုင်းကို ကိုသီဟက သိနေသောကြောင့် အက္ခရာကိုလည်းသိမှာသေချာ၏။

"သူ ဘယ်မှမသွားဘူး အစ်ကိုလေး မနက်ကတော့တိုက်ခန်းကနေ ပစ္စည်းတွေရွှေ့သွားတယ် အခု နန်းသွေးအမရာတို့အိမ်မှာပဲ ရှိနေပါတယ်"

"သေချာစောင့်ကြည့်ပေးပါ ကိုသီဟ သူSingaporeပြန်သွားလိမ့်မယ် ပြန်လို့မဖြစ်ဘူး ဒီကြားထဲခိုးပြန်သွားရင်လည်း ခြေထောက်တွေရိုဂာ်ချိုးပြီးပြန်ခေါ်ခဲ့"

"ဟုတ်ကဲ့"

ဖုန်းချပစ်လိုက်ရင်း အံကြိတ်လိုက်မိသလို ဖုန်းကိုကျိုးကြေသွားမတတ်ဖိဆုပ်ပစ်လိုက်ရင်း ခေါင်းကိုဆတ်ခနဲခါပစ်လိုက်သည်။
ပြေးစမ်း အက္ခရာ
မင်းပြေးလို့လွတ်မယ်ထင်သလား...

PlayersWhere stories live. Discover now