"မပြောပါဘူး အံ့သြသွားလို့ပါ မင်းလိုကောင် ဒီတစ်သက်စွံပါဦးမလားလို့တောင် တွေးနေမိတာ"

"လာရင်းကိစ္စကိုပဲပြော အစ်ကို"

"အဖေ မင်းကိုအလုပ်ကထွက်ခိုင်းလိုက်တယ်"

သူ နည်းနည်းသံသယဝင်သွားမိကာ အစ်ကို့ကိုမယုံသလိုကြည့်လိုက်တော့ အစ်ကိုက ထောင့်မကျိုးစွာရယ်နေခဲ့၍ စိတ်ထဲကြိတ်ဒေါသဖြစ်သွားမိသည်။
အဖေအလုပ်ကထွက်ခိုင်းသည်မှာ လားရှိုးမှာဆုံကတည်းက တစ်ခါတည်းပြောလိုက်ပြီးသားမို့ ဒါဟာတကူးတကလာပြောရမည့်ကိစ္စမဟုတ်။
အစ်ကိုက Baeကိုတွေ့ဖူးချင်နေတာ...
ဒါကြောင့် ခရာ သူ့ဆီရောက်နေတုန်း တကူးတကလာကြည့်တာ...

"ရပြီ ကျွန်တော်နားလည်ပြီ"

"မဆိုးဘူးငါ့ညီ မင်းတကယ်တော်လာပြီပဲ သေချာအောင်ငါ့မျက်လုံးနဲ့လာကြည့်တာပါ ကဲ..ငါပြန်မယ်"

ပြုံးစိစိမျက်နှာဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်ပြရင်း အစ်ကိုပြန်ဖို့ပြင်တော့ သူကအခန်းတံခါးနားအထိ လိုက်ပို့ပေးလိုက်သည်။
အခန်းအပြင်ရောက်တော့မှ အစ်ကိုက သူ့ရင်ဘတ်ကို လက်သီးတစ်ချက်လှမ်းထိုးကာ...

"မဆိုးဘူး အနီးကပ်ကြည့်တော့မှ ပိုချစ်စရာကောင်းတယ် မင်းနဲ့တော့လိုက်တယ်.. ခယ်မလေးကတော့ လူရွေးမှားပြီ"

"ပြန်ပါတော့ အစ်ကို"

"အေးပါ ပြန်ပါပြီ Ballပဲ ခွေးကောင်"

💛💛▫▫▫💛💛

"ဘာထူးသေးလဲ"

"ညနေကတည်းက ကိုတန်ခိုးခေါ်သွားတာ"

NovaမှာPartyလုပ်ပြီးကတည်းက တန်ခိုးနဲ့အက္ခရာကို သူစောင့်ကြည့်နေတာဖြစ်ပြီး ကျေနပ်စရာကောင်းသော ရလဒ်တစ်ခုထွက်လာ၏။
ကားပါကင်မှာ နှစ်ယောက်သား ပွေ့ဖက်နမ်းရှိုက်နေကြသည်ကိုလည်း CCTVမှတ်တမ်းရထားသည့်အပြင် ထိုညမှာလည်း တန်ခိုးက အက္ခရာကို အိမ်ခေါ်သွားသည်တဲ့..
ဒီနေ့လည်း တစ်ခါခေါ်သွားပြန်သည်တဲ့...

ထူးဆန်းသည်က တန်ခိုးဟာ အလွန်လျှို့ဝှက်တတ်သူမို့ ဘယ်သူ့ကိုမှ၊ ယုတ်စွအဆုံး သွေးကိုတောင်မှ သူ့အိမ်သို့ခေါ်တတ်သည့်လူမဟုတ်။
အက္ခရာကိုတော့ နှစ်ရက်တောင် ခေါ်သွားပုံအရဆို ဒီမိန်းကလေးကို အတော်လေးကြွေကျနေပုံရသည်။
ဒါ့အပြင် မယ်မင်းကြီးမလေးကလည်း တန်ခိုးနဲ့ချိန်းတွေ့မည့်အရေးကို ပါပါးတို့အိမ်သွားဖို့ဟု မှင်သေသေဖြင့် လိမ်သွားသေး၏။

PlayersWhere stories live. Discover now