Part - 10 ( Uni+Zaw)

231 23 5
                                    

အပိုင်း ၁၀



" အခြေအနေက အခုထိတိုးတက်မလာသေးဘူးလား ဆရာရယ်။ ဒီတိုင်းဆိုရင်ဖြင့် ဆရာလဲ လူပျိုကြီးဘဝနဲ့အရိုးထုတ်ရမယ်နဲ့ထင်ပါရဲ့ဗျာ "

တပည့်ကျော်၏ခပ်နှိမ်နှိမ်စကားကြောင့် ရွှေခြူးနောင်လည် မခံချင်စိတ်ဖြစ်သွားရသည်။ သို့ပေသိ သူပြောတာလဲမှန်နေတာကြောင့် အောင့်သက် သက်ဖြင့်သာငြိမ်ခံနေလိုက်ရ၏။

" ဒီတိုင်ကြီးငြိမ်မနေနဲ့လေဆရာရယ် စကားချိုချိုလေးနဲ့ ပြောသင့်တဲ့အချိန်ပြော၊ အဲလိုမှမရရင် ကြမ်းသင့်တဲ့အချိန်ကြမ်းရမှာပေါ့။ အခုဆရာ့အဖြစ်က ဇာတ်မျောကြီးနဲ့ ဘေးကရပ်ကြည့်နေရင်းတောင် ပျင်းစရာကောင်းနေတယ်"

" နို့မောင်သက်ဆွေရယ် မင်းမလဲခက်တယ်။ ငါက အခုထိဘာမှမပြောဘဲ ငြိမ်နေတယ်မှတ်နေလေရော့လား။ စကားချိုချိုနဲ့က ပြောသင့်တာထက်တောင် ပိုပြောပြီးပါကော။ ဒါပေသိ မင်းတို့ ဆရာလေးက ကျောက်ခဲအသည်းနှလုံးနဲ့လူလေ။
ပြောရတဲ့ ငါသာ မောသွားတယ် သူကတော့တုတ်တုတ်မလှုပ်ကျောက်ဆစ်ရုပ်အလားပဲ။ ကြမ်းသင့်တဲ့အချိန်ကြမ်းရအောင်
သူ့သိက္ခာကရှိသေးကွယ်။ ဒီရွာမှာကျောင်းဆရာအဖြစ် လူရိုသေရှင်ရိုသေခံနေရတဲ့သူကို ငါ့ကြောင့်နဲ့ ဘယ်သူကမှအရိုအသေတန်သွားရတဲ့အဖြစ်မျိုး မရှိစေချင်ဘူး "

" ဒါဆိုရင် ဆရာက ဒီတိုင်းပဲလက်လျှော့တော့မလို့လား "

" မလျှော့ပါဘူးကွယ် ငါ့မေတ္တာမှန်နေသမျှ တစ်နေ့တော့ သူစိတ်လည်လာမှာပါလို့ နှလုံးသွင်းထားပါတယ်။ ကဲပါလေ ငါလဲ ဒီအကြောင်းတွေကို ပြောမနေချင်တော့ဘူး။ စိတ်ဆင်းရဲရတယ်။ စိတ်ပြေလက်ပျောက် သူကြီးအိမ်ဘက်ကို ခဏတော့လမ်းလျှောက်ထွက်လိုက်အုံးမယ် ။ ညနေစာစားဖို့ ငါ့ကိုစောင့်မနေလေနဲ့ "

" ဟုတ်ကဲ့ပါဆရာ "

ရွှေခြူးနောင်လည်း မောင်သက်ဆွေနဲ့စကားစဖြတ်ပြီး သူကြီးအိမ်ကိုသွားဖို့ အောက်ထပ်ကိုဆင်းလာခဲ့တော့သည်။ အခုချိန်က စာသင်ကျောင်းတွေပြန်ဖွင့်နေပြီမို့ ကိုယ့်ရဲ့ကျောင်းဆရာကတော့ အိမ်မှာမရှိပါ။ လူမရှိသည့်အိမ်ကို အတော်ကြာအောင်ရပ်ကြည့်နေမိပြီးမှ သူကြီးအိမ်ဘက်ကို ထွက်လာခဲ့တော့၏။

မေတ္တာရစ်ပတ်ကာရယ် ( မေတ္တာရစ်ပတ်ကာရယ် )Where stories live. Discover now