Part - 6 ( Uni + Zaw)

401 30 4
                                    


Part - 6



" ဒီမယ်ကျောင်းဆရာ ဆေးဆရာရှိတဲ့ရွာကို မရောက်သေးဘူးလားဗျာ "

" ရှေ့နားဆိုရောက်ပါပြီ ဘာဖြစ်လို့လဲဗျာ "

" ဘာဖြစ်ရမလဲဗျ လှည်းလမ်းကဒီလောက်ကြမ်းနေမှတော့ မနက်စောစောက သက်သာနေတဲ့ဗိုက်အောင့်တာ အခုပြန်တောင်အောင့်လာသလိုပဲ။ ဒီလောက် လမ်းကြမ်းမှန်းသိနေရင် လိုက်မလာပါဘူး "

ရွှေခြူးနောင်ပြောလိုက်သည့်စကားကြောင့် ကျောင်းဆရာလည်း မျက်နှာပျက်သွားရကာ အတော်ပင်စိတ် မကောင်းပုံပေါ်နေလေသည်။

" အိမ်မှာနေတော့ ဘာရောဂါမှန်းမသိနဲ့ ပိုပြီးရောဂါတိုးမှာစိုးလို့ပါဗျာ။ အခုအရမ်းအောင့်နေသလား "

သူက ကိုယ့်ကိစ္စကိုတောင် အားတက်သရောလိုက် လုပ်ပေးနေပြီး ကာယကံရှင်ကိုယ်က ညည်းညူပြနေတာမကောင်းဘူးဆိုတာကို ချက်ချင်းတွေးမိသွား
သည်။

" ရတယ်ရတယ် အရမ်းဆိုးမနေဘူး "

မြေစိုင်မြေခဲမညီမညာပေါ် ဖြတ်သန်းသွားလာနေရသည့်လှည်းဆီမှ တကျွီကျွီမြည်နေသော အသံများ
ပင်ကြားနေရသည်။ ကြမ်းလွန်းသည့်လမ်းကြောင့်
ရွှေခြူးနောင်၏တင်ပါးများပင်နာလာရပြန်သည်။
လှည်းပေါ်ထိုင်နေရာမှ တင်ပါးအနာသက်သာစေရန် ခန္ဓာကိုယ်ကို ဟိုဘက်သည်ဘက်လှည့်ပြီး နေရာပြင် ထိုင်နေတာကို သိပုံရသောကျောင်းဆရာက
ချက်ချင်းပင် လှည်းကိုရပ်ခိုင်းလိုက်သည်။

" ဖိုးမောင်ရေ လှည်းခဏရပ်ပေးပါအုံး "

" ဟုတ်ကဲ့ဆရာလေး "

နွားလှည်းသည် ချက်ချင်းဆိုသလိုပင် တုန့်ခနဲရပ်
တန့် သွားလေသည်။ လှည်းပေါ်မှ သွက်လက်စွာ
ခုန်ဆင်းသွားသောကျောင်းဆရာသည် လှည်းလမ်း
ဘေးရှိ ခြံဝန်းတစ်ခုထဲခပ်မြန်မြန်ဝင်သွား၏။ ခဏ
အကြာတွင် လက်ထဲမှာကောက်ရိုးတွေကိုပွေ့ပိုက် ကာ ပြန်ထွက်လာတော့၏။ သူယူလာသော
ကောက်ရိုးတွေကို လှည်းပေါ်တွင် လူတစ်ယောက် ထိုင်လို့ရအောင် အသေအချာခင်းကျင်းပြီးတာနှင့် သူဝတ်လာသော အပေါ်ဝတ်အကျႌအဖြူလေးကို
ခပ်သွက်သွက်ပင်ချွတ်လိုက်ပြီး ကောက်ရိုးတွေပေါ်
ဖြန့်ခင်းလိုက်၏။

မေတ္တာရစ်ပတ်ကာရယ် ( မေတ္တာရစ်ပတ်ကာရယ် )Kde žijí příběhy. Začni objevovat