Part - 7 ( Uni + Zaw )

324 24 2
                                    


Part - 7

ညသည်မှောင်မိုက်နေတာကြောင့် မစို့မပို့်ထွက်နေသောလရောင်ကိုသာ အားကိုးနေရလေသည်။ မန်ကျည်းတန်းနားရောက်လာပြီမို့ ရွှေခြူးနောင်သည်လည်း ကိုယ့်ဘေးနားမှလူအနားကို ပိုပြီးတိုးကပ်လိုက်မိ၏ ။ ညဘက်စာသင်ပေးပြီးပြန်လာချိန်မို့ မောပန်းနေသလိုခံစားရတာကြောင့် နှစ်ယောက်သားစကားပင်မပြောမိကြချေ။

" ကိုခင်မောင်းချိန်း "

ပထမဆုံးသူ့နာမည်ကိုခေါ်လိုက်မိတာကြောင့် နည်းနည်းတော့ အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။ ဒီလူ့အပေါ် မေတ္တာရှိနေပြီလို့ ကိုယ့်စိတ်ကိုယ်သိပြီးသည့်နောက်တွင် မျိုသိပ်နေတာမျိုးတွေ လုပ်မနေချင်တော့။ ကိုယ်လည်းယောကျ်ား သူလည်းကိုယ့် ယောကျ်ားဖြစ်လာမည့်သူပဲဟာ။ မပြောမပြီး မတီးမမည်ဆိုသလို ပြောတော့လည်းပြီးသွားပြီး တီးစရာရှိတာကိုလည်း ခပ်မြန်မြန်ပဲတီးလိုက်တာကောင်းတယ်မဟုတ်လား။ နောင်ခါလာ နောင်ဈေးပေါ့။

" မြို့အုပ်မင်း ဘာပြောချင်လို့လဲမသိဘူး မန်ကျည်းတန်းနားရောက်လာလို့လား။ မကြောက်ပါနဲ့ ကျွန်တော်ရှိနေတာပဲဟာ"

ကိုယ့်ကိုလှည့်ကြည့်ပြီး ပြောလာသည့်စကားအဆုံး ရွှေုခြူးနောင်သည် လှမ်းလက်စခြေလှမ်းကို ရပ်တန့်လိုက်၏။ မပီဝိုးတဝါးအလင်းရောင်အားကိုးဖြင့် ကိုယ်ရှေ့မှသူကို စိုက်ကြည့်နေမိသည်။ ဒီအချိန်မှာ ကိုယ်ကြောက်နေတာ မန်ကျည်းတန်းကသရဲမဟုတ်ကြောင်း ကိုယ့်အရှေ့ကလူသိဖို့လိုနေလေပြီ။

" ကျုပ် ကြောက်နေတာတော့အမှန်ပါပဲဗျာ ။ မန်ကျည်းတန်းကိုကြောက်တာတော့မဟုတ်ပါဘူး"

" ဒါဆို ဘာကိုများကြောက်နေတာလဲဗျာ"

" ကိုယ့်ကိုကိုယ် ပြန်ပြီးကြောက်နေတာပါ"

" ဘယ်လို ဘာလို့ ကိုယ့်ကိုကိုယ် ကြောက်ရတာလဲဗျာ"

ကိုယ့်စကား၏အဓိပ္ပါယ်ကို တစ်ဖက်လူသည် နားမလည်ချေ။

" ကျုပ်ကိုကျုပ် ကြောက်တယ်ဆိုတာကလေ ရှေ့ ဆက်ပြီးကျုပ်နှလုံးသားရဲ့အလိုဆန္ဒတွေကို ကျုပ်ဦးနှောက်နဲ့ မထိန်းချုပ်နိုင်မှာစိုးတာပါ။ ကျုပ်ကိုခင်မောင်ချိန်းကို ချစ်မိနေပြီဗျာ"

မေတ္တာရစ်ပတ်ကာရယ် ( မေတ္တာရစ်ပတ်ကာရယ် )Opowieści tętniące życiem. Odkryj je teraz