Part - 9 ( Uni + Zaw )

304 23 2
                                    

အပိုင်း ၉

ထန်းပေါက်ကုန်းရွာလေးအတွင်းရှိ လူများအားလုံးလိုလို လှုပ်လှုပ်ရှားရှား ဖြစ်နေလေတော့သည်။ မြို့အုပ်မင်းတစ်ယောက် ပိုးထိတယ်ဟုကြားထဲက တစ်ရွာလုံးစိုးရိမ်နေကြပြီး အခုလည်း ဘေးရွာတွင်နေထိုင်သော ဆေးဆရာကြီးနှင့်သွားရောက်ပြသနေသည့်အချိန်တွင် သူကြီးကိုယ်တိုင်ပင် ရွာထိပ်မှာလာစောင့်ရင်း လည်တဆန့်ဆန့်ဖြစ်နေလေတော့၏။

" မြို့အုပ်မင်းတစ်ယောက် ဘာမျှတော့မဖြစ်တန်ကောင်းပါဘူးနော် သူကြီး ၊ မတော်တဆများ "

" တယ်လေ! ဘာကိုမဟုတ်တာတွေပြောနေတာလဲ ဖွဟဲ့ လွဲပါစေဖယ်ပါစေ။ မြို့အုပ်မင်း ဘာမျှဖြစ်မှာမဟုတ်ဘူး ။ မင်းတို့ပါးစပ်တွေကိုသာ ပိတ်ထားစမ်း"

သူကြီးဖြစ်သူဆီမှ ငေါက်ငမ်းတာကိုခံလိုက်ရသည့်ကာလသားတချို့လည်း ပါးစပ်ပိတ်ကာငြိမ်သက်သွားကြလေသည်။

ထန်ပေါက်ကုန်းရွာနှင့်ကပ်ရပ်တွင်ရှိသော ဘွေ့ကောက်ကုန်းရွာတွင် အဆိပ်ရှိသောသတ္တဝါမျိုးစုံ၏ကိုက်ခဲမှုကို ကုသပေးနိုင်သော ဆေးဆရာကြီးတစ်ဦးရှိလေသည်။ ဒီနယ်တစ်ကြောတွင်
ဘယ်ရွာကသူတွေဖြစ်ဖြစ် အဆိပ်ရှိသောသတ္တဝါ၏ ကိုက်ခဲမှုကိုခံရသည့်အခါတွင် ထိုဆေးဆရာကြီးထံ အချိန်မီရောက်အောင်သွားပြီး ကုသမှုကိုခံယူကြ၏။ အဘဆရာကြီးသည်
သူ့ဆီရောက်လာသူဆယ်ယောက်ရှိလျှင် ရှစ်ယောက်လောက် အား အသက်ဘေးမှလွတ်အောင်ကုသပေးနိုင်၏။ ကျန်နှစ်ယောက်လောက်မှာမူ သူ့ဆီရောက်ချိန် နောက်ကျသဖြင့် ကုသ၍မရတော့ခြင်းဖြစ်၏။

ယခု မြို့အုပ်မင်းကိုမူ အဘဆရာကြီးထံ အချိန်မီပို့နိုင်သဖြင့် သတင်းကောင်းကြားရဖို့သာ တစ်ရွာလုံးကမျှော်လင့်နေလေသည်။

" သူကြီး ... သူကြီး ဟိုမှာလှည်းပြန်လာပြီ "

ရွာသားတစ်ယောက်၏စကားကြောင့် ရွာထိပ်တွင်စုရုံးရောက် ရှိနေသော ရွာသားများအားလုံးသည် ရွာအဝင်လမ်းဆီကို တညီတညာထဲမျှော်ကြည့်နေမိတော့၏။ လှည်းသည် လူအုပ်ကြီးနားသို့ရောက် လာသည်နှင့်တပြိုင်တည်း

မေတ္တာရစ်ပတ်ကာရယ် ( မေတ္တာရစ်ပတ်ကာရယ် )Where stories live. Discover now