🥦 Chapter 14

183 25 0
                                    


🥦 Chapter 14🥦 Finally Did Something Humane


လင်းဝမ်သည် သူ(မ)၏လင်ပါသားများကြောင့် လီယန်ချန်ကိုပင် ဆူပူကြိမ်းမောင်းနေခဲ့သည့်အတွက် လီယန်ချန်ပင် အံ့သြမှင်သက်သွားသည်။


[လင်းဝမ်က ရွှမ်‌ပေါင်အတွက် စကားကူပြောပေးနေတယ်၊ သူ နောက်ဆုံးတော့ တစ်ခုခုလုပ်တော့မယ်ထင်တယ်!]


[သူ အခု ပြောလိုက်တဲ့စကားကြောင့် ဒီနေ့တော့ သူနဲ့ပတ်သတ်ပြီး အဆိုးမြင်စကားတွေမပြောတော့ဘူးလို့ ငါ ကတိပေးတယ်]


[ရွှမ်ရွှမ်ရယ် ခုလိုမြင်နေရတာ ငါ ဖြင့်သနားလိုက်တာ၊ အဖေဖြစ်သူက ကိုယ့်သားကိုယ် အနည်းဆုံးတစ်ခါလောက် ချီးမွမ်းပေးဖို့ကို ဘာတွေများအဲ့လောက်ထိ ခက်ခဲနေရတာလဲ ?]


[လီယန်ချန်က လူကိုမဆန်ဘူး]


လီကျို့ရှင်းသည် အစ်ကိုဖြစ်သူ၏စိတ်ကိုကောင်းစွာနားလည်သည်။ ဖခင်ဖြစ်သူထံမှ အသိမှတ်ပြုခံရရန် မည်သို့ပင်ကြိုးစားခဲ့ပါစေ ဘယ်သောအခါမှဂရုစိုက်ခြင်းမခံခဲ့ရချေ။ သူသည် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသူတစ်ယောက်အဖြစ် အရာအားလုံးကိုကြိုးစားနိုင်ခဲ့သည်။ လီကျို့ရွှမ်သည် ထိုကဲ့သို့ အရာအားလုံး၌ထူးချွန်ခဲ့သော်လည်း ဖခင်ဖြစ်သူထံမှ အာရုံစိုက်မှုမရရှိခဲ့သလို လီကျို့ရှင်းသည်လည်း ထိုကဲ့သို့ပင် ဆန့်ကျင်ဘက်အနေဖြင့်ချဉ်းကပ်နိုင်ရန်ကြိုးစားခဲ့ပြီး မကောင်းသည့်အရာမှန်သမျှကို သူ လုပ်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူသည် ဆူပူကြိမ်းမောင်းတာမျိုး အပြစ်တင်တာမျိုးယောင်လို့ပင်မလုပ်ခဲ့ပါချေ။


သူ လီကျို့ရွှမ်၏ ခြေထောက်အား ညင်သာစွာဖြတ်ကန်လိုက်သည်။


"ကော၊ မင်းရဲ့အင်အားတွေကို ဖြုန်းတီးမနေနဲ့တော့ မင်းနဲ့သူ့ကြားက ဆက်ဆံရေးကိုဖြတ်တောင်ပစ်မယ်လို့ ချိန်းခြောက်ရင်တောင် မင်းကို $ဖက်လုပ်မှာမဟုတ်ဘူး ၊ သူက ဘာမှကိုဂရုမစိုက်တာ"

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now